ချစ်ရင်ရှူ

by - December 26, 2019


" ဘူ "

" ဟင် "

အသံကြားလို့ လှည့်ကြည့်လိုက်တော့ ရုပ်ရှင်ရုံရဲ့ မီးရောင် ပြပြလေးအောက်မှာ ငတိမ ရဲ့ မျက်နှာ နီရဲနေတယ် .. ဒါဆို သေချာပါတယ် ဒင်းလက်ချက်

ဟုတ်တယ်လေ .. ရုပ်ရှင်ရုံထဲ ထိုင်နေတာမှ ကျုပ်တို့ နှစ်ယောက်တည်း .. ကျုပ်ဖင်က မထွက်တာတော့ လုံးဝ 100% သေချာတယ်

ဒါပေမဲ့လည်း ရည်းစားဖြစ်ကာစ ဆိုတော့ သူရှက်သွားမှာ စိုးလို့ ဆိုပြီး မရှိ ရှိတဲ့ သတ္တဝါကို ရိုးချပေးရတယ်

" တောက် .. မအေဘေး ကြွက်မသား
လူကြားထဲ လာပြီး အီးလာပေါက် နေတယ် "

" ဟုတ်ပ .. မောင်ရေ အဲဒါကြောင့်လည်း ကြွက်ဖြစ်နေတာပေါ့ "

" ငင့် "

ဟုတ်ပနဲ့တောင် လာတိုးနေသေး
ဒင်း ဖင်သရမ်းတာ ကျုပ်မသိဘူးများ မှတ်နေလား မသိဘူး ...
အလိုက်ကန်းဆိုး မသိ ဝင်ထောက်ခံ နေသေးတယ်

အဲဒါက အရေးမကြီးဘူး ...
ရုတ်တရက် ကျုပ်နှာခေါင်းထဲကို စူးစူးဝါးဝါး အနံ့ကြီး ထိုးဝင်လာတယ်

" မောင် "

" ပြောလေ ချစ် "

" ဟို ကြွက်မသားက ဒညင်းသီးတွေ စားထားလား မသိဘူးနော် "

" ငှယ် "

တော်တော် မျက်နှာပြောင် တိုက်တဲ့ မိန်းမ
၃ လ လောက် ဝမ်းချုပ်ခံပီး ဒညင်းသီး ဆားရည်စိမ်တွေ စားလာပုံ ရတယ်

ကျုပ်မှာ မနည်း အသက်အောင့်ပြီး မရှိတဲ့ ကြွက်မသားကို ဆဲရပြန်တယ်

" ငိုးမ ကြွက် .. အဲ့လောက်တောင် နံရလား မိလို့ကတော့ ဖင်ကို နုတ်နုတ်စင်း ပစ်မယ် "

" ရှင် "

ငတိမ လန့်သွားပုံ ရတယ် ..
လန့်လည်း မတတ်နိုင်ဘူး အဲဒါမှလည်း ဒင်း နောက်တခါ မပေါက်ရဲမှာလေ

ပြောမဲ့သာ ပြောရတယ် .. ကျုပ်မှာ ၅မိနစ်လောက် အီးဒဏ်သင့်ပြီး မူးမေ့ချင်သလို ဖြစ်သွားတယ်
ဒီလိုမှန်းသိ ရှူဆေးဘူးလေး ဆောင်လာပါတယ်

အဲလိုနဲ့ ရုပ်ရှင်ဇာတ်လမ်း တဝက်နား ရောက်တော့
ငတိမက ကျုပ်နား ကပ်ပြီး တိုးတိုးလေး ထပ်လာပြောတယ်

" မောင် "

" ပြောလေ ချစ် "

" ဟို ကြွက်မသား အီးထပ်ပေါက်တော့မယ် ထင်တယ် "

" သောက်ကျိုးနည်း "

အဲလောက်ဆို ကျုပ်က သိလိုက်ပြီ ... ငတိမ ဖင်က ထပ်ဆော်တော့မယ်
နှစ်ခါတော့ မရဘူး .. ခေတ္တ ရှောင်နေမှ ဖြစ်မယ် ဆိုပြီး ထပြေးမယ် လုပ်တော့

" မောင် .. ဘယ်လဲ "

" ရှူဆေးလေး ပြေးဝယ်မလို့ "

" ချစ်လည်း လိုက်မယ် "

" ဟင့်အင်း .. လိုက်နဲ့ "

" မရဘူး လိုက်မှာပဲ "

" လိုက်ပါနဲ့ဆို "

" မရဘူး .. လိုက်မယ် "

" ဘူ ..... "

" ဟာ "

ဒီတခါတော့ ဒင်းငြင်းလို့ မရတော့ဘူး
အသံကျယ်တဲ့ အပြင် အီးကြော ကလည်း ရှည်သေးတယ်လေ

ဒါတောင် ငတိမက ငြင်းဖို့ ကြံသေးတယ်

" ဟို ကြွက်မသား "

" ဘာ ကြွက်မသားလည်း .. ချစ်အောက်နားတင်
အသံထွက် သွားတာကို မောင့်နားနဲ့ ဆတ်ဆတ် ကြားခဲ့ရတာပါကွာ "

ဆိုတော့မှ ငတိမ ရှက်ပြီး ခေါင်းငုံ့ သွားတယ်
အဲလိုကျတော့လည်း ကျုပ်က သနားမိပြန်ရော
သနားလည်း မတတ်နိုင်ဘူးလေ

အနံ့ကလည်း ရနေပြီ ဆိုတော့ ရှူဆေးဗူးလေး ပြေးဝယ်မယ် ဆိုပြီး ထထွက်တော့
ငတိမက ကျုပ်လက်ကို လှမ်းဆွဲပြီး ..

" မောင် "

" ပြောပါ ချစ် "

" မောင်သာ တကယ်ချစ်တယ် ဆိုရင်
ဒီအနံ့ကို မောင်ခံနိုင်ရမယ် မဟုတ်လား "

" ငင်.. "

" မောင်ပဲ ချစ်တယ်ဆို .. ရှူလေ "

" ဟယ် "

" မရှူရဲရင် မောင် မချစ်လို့ပဲ "

" မြတ်စွာဘုရား "

မတတ်နိုင်ဘူး ကျုပ်တော့ ရှူမှ ဖြစ်တော့မယ်
ရှိတာမှ ဒီရည်းစား တယောက်တည်း ဆိုတော့
ငတိမကို သက်သေပြတဲ့ အနေနဲ့ သူ့ရှေ့မှာတင် ...

မျက်လုံးကို စုံမှိတ်လိုက်တယ် ပြီးတာနဲ့
တပြိုင်နက်ထဲ ခေါင်းကိုမော့ ရင်ကို ကော့လိုက်ပြီး
တလောကလုံးက လေတွေကို နှာခေါင်းထဲ ရှူသွင်းလိုက်တယ် ..

" ရှူး .. "

ပြီးတော့ ငတိမက မေးသေးတယ်

" မွှေးလားဟင် "

" ဝုတ် ... အဲလေ ဟုတ် "

" ချစ်လိုက်တာ မောင်ရယ် "

" ငှယ် "

မမွှေးဘူး ပြောလို့လည်း မရဘူးလေ
တော်ကြာ မကျေနပ်လို့ ထပ်ရှူခိုင်းနေမှ သောက်ဂွ

နောက်ဆုံး ရုပ်ရှင်သာ ပြီးသွားတယ် ဘာမှန်းတောင် မသိလိုက်ပါဘူး ..
ငတိမကလည်း ကျုပ်ခွင့်လွှတ်မှန်း သိသွားတော့ တဘူဘူနဲ့ လွှတ်ဆော်တာဗျာ
ရုပ်ရှင်ပြီးလို့ အိမ်ပြန်တော့လည်း အိမ်ရောက်တဲ့ထိ အနံ့က ကပ်ပါလာသေးတယ်
ညအိပ်တော့လည်း လန့်ပြီး ထယောင်တယ် ... နောက်တရက်ကျ ဖျားပါလေရော ..

အဲဒီအချိန်က စလို့
ကျုပ်မှာ ဘယ်သွားသွား အိတ်ကပ်ထဲ ရှူဆေး သုံးဗူးလောက်တော့ အသာလေးပါတယ်
အခုတော့လည်း နေသားကျသွားပါပြီ
ခများတို့လည်း သေချာ မှတ်ထား ..
အချစ်မှာ အနံ့ မရှိဘူးတဲ့
ကိုယ်သာ တကယ်ချစ်ရင် ချစ်သူအီးလည်း မွှေးနိုင်ရမယ် ... မှတ်နော် မှတ်
ကျုပ်ပြောနေကြ စကားလိုပဲ ... အံ့သြဘ !

😁😁😁
စိန်သောင်း

You May Also Like

0 comments