ကြိုက်တာယူစား

by - December 16, 2019


အိမ်ကို သူငယ်ချင်း တယောက် လာလည်သည်

နေ့လည်နေ့ခင်း ရောက်တော့
စာကြည့်ခန်းထဲမှာ စာရေးနေတဲ့ ကျတော့်ကို
သူငယ်ချင်းက ပြောသည်

" ဟျောင့် ငချွန်
နေ့လည်နေ့ခင်း အပျင်းပြေ စားစရာလေး ဘာလေး မရှိဘူးလား ကွ "

ကျတော်က စာရေးရင်း တန်းလန်းမို့
မအားလပ် သဖြင့်

" မီးဖိုချောင်မှာ သွားကြည့်လိုက် သူငယ်ချင်း
အဲ့မှာ တွေ့တာ သာ ယူစားကွာ ... အားမနာနဲ့ "

" အိုခေ "

သူငယ်ချင်းက ပြောပြီး
မီးဖိုချောင်ထဲ ဝင်သွားသည်

တအောင့် ကြာတော့

" ဟျောင့် ငချွန်ရေ လာပါအုံးဟ "

သူငယ်ချင်း၏ ခေါ်သံကြောင့်
အပြေးအလွား သွားပြီး မေးလိုက်သည်

" ဘာဖြစ်လို့လဲ သူငယ်ချင်း "

" ဒီမှာ လုပ်ပါအုံး
ငါ့ဟာငါ မုန့်စားနေတာကို မင်းခွေးက အနားလာပြီး မာန်ဖီနေတယ် "

ဟုတ်သည်
အိမ်မှာ မွေးထားသော ခွေးလေး ဇေရဲထက် က
သူငယ်ချင်းကို ကိုက်တော့မည့် ဟန်ဖြင့် မာန်ဖီ နေသည်

ထို့ကြောင့်
ဘာဖြစ်လို့ ပါလိမ့် ဟု တွေးရင်း သူငယ်ချင်းကို ကြည့်လိုက်တော့

" ဟာ ..... မင်းက ခွေးစာတွေ ယူစားနေတာကိုဟ "

" ကိန် "

😂😂😂😂😂
လူချွန်တော်

You May Also Like

0 comments