စိတ်မပူပါနဲ့

by - December 15, 2019


ယောကျ်ားနဲ့ ခိုးရာ လိုက်သွားတဲ့ ကောင်မလေး တယောက်ဟာ
အိမ်ကို ဖုန်းမဆက်ရဲ လို့
Facebook ကနေ သူ့အမေကို only me နဲ့ tag တွဲပြီး အခုလို status ရေးလိုက်တယ် ။

" သမီးကို ခွင့်လွှတ်ပါ ဖေနဲ့မေ ၊ သမီး ရည်းစားနောက် လိုက်သွားပါပြီ ၊
မိဘမျက်နှာ အိုးမဲ သုတ်သလို ဖြစ်သွားခဲ့ရင် သမီးတို့ကို နားလည်ပေးကြ လိမ့်မယ်လို့ ယုံကြည်ပါတယ်
ဖေနဲ့မေတို့ စိတ်မပူကြပါနဲ့နော် .. လိုက်လည်း မရှာကြပါနဲ့
သမီးတို့ တရက် နှစ်ရက်နေပြီး ပြန်လာမှာပါ ..
အဝတ်အစားတွေလည်း သိပ် မပါသွားပါဘူး .. သမီးတို့ ပြန်လာခဲ့ပါ့မယ်
သမီးမိုက်ကို ခွင့်လွှတ်ပေးပါ "

အဲသလို ရေးပြီး သိပ်မကြာဘူး ..
ကောင်မလေးရဲ့ အမေဖြစ်သူက ချက်ချင်း comment ပြန်လာတယ်

" သမီး အထုပ် တထုပ်နဲ့ အိမ်က ထွက်သွားတာ မေမေ မြင်ပါတယ် ..
မေမေ တမင် အိပ်ဟန်ဆောင်နေ တာပါ
မေမေတို့က စိတ်ပူနေကြတာ .. လိုက်မှ လိုက်ပါ့မလား လို့လေ
သမီး ဖေဖေလည်း ပျော်နေရှာတယ် ..
အဝတ်အစားတွေ ထပ်ထည့်ပေးလိုက်ရမလားတဲ့
အဲ့မှ ာအပြီးပဲ နေမယ်ဆို  မေမေတို့ ဒီကနေ စီစဉ်ပေးလိုက် ပါ့မယ် ..
စိတ်ချ လက်ချ သွားပါ
လိုက်မရှာပါဘူး .. လင်ယူစေချင်နေတာ ကြာပါပြီ "

" ရှင် "

😁😁😁
စိန်သောင်း

You May Also Like

0 comments