စိတ်ပူရမယ့်သူ

by - December 01, 2019


အသိ နိုင်ငံခြားသားက သူ့အိမ်အတွက်

သန့်ရှင်းရေး ၊ လျှော်ဖွပ် ၊ မီးပူတိုက်ဖို့

အိမ်အကူ အမျိုးသမီး တယောက်လောက် ရှာပေးပါလို့

အကူအညီ တောင်းလာတယ်။

ဒါနဲ့ ...

အိမ်နားက ကလေးမ တယောက်ကို မေးကြည့်တယ် ...

" ... အိမ်အကူ လုပ်ပေးနိုင်မယ့် အမျိုးသမီး တယောက်လောက် မရှိဘူးလား ၊

မနက်သွား ညနေပြန်ပေါ့ "

" ရှိပါတယ် ၊ ဘယ်မှာ လုပ်ရမှာလဲ "

" နန်းရှေ့ ရေစစ်ကန်နား ''

" မိသားစု ဘယ်နှယောက်လဲ ''

" တယောက်ထဲပါ ၊ နိုင်ငံခြားသား "

" လစာ ဘယ်လောက် ပေးမှာတဲ့ လဲ ''

" သုံးသိန်း "

" ဟယ် ... သုံးသိန်း၊ အာ့ဆို တခြား မရှာနဲ့ ၊ ကျမပဲ လုပ်မယ် ''

အဲ့ဒီမှာ သူ့ယောက်ျားက ဝင်ပြောတယ် ... ...

" ကိုသန် ... ကျနော့်မိန်းမ လုပ်လို့ မဖြစ်လောက်ဘူး "

" ဘာလို့လဲ ဟ "

" စဉ်းစားကြည့်လေ ... တိတ်ဆိပ်တဲ့ ရပ်ကွက် ၊

အိမ်တအိမ် ထဲမှာ အရွယ်ကောင်း ယောကျ်ား တယောက်နဲ့ မိန်းမ တယောက် "

" အာ့တော့ ဘာဖြစ်တုန်း "

" ဗလက္ကာရ အကျင့် ခံရပြီး ၊ ကျော်မကောင်း ကြားမကောင်းတွေ ဖြစ်ကုန်မှာပေါ့ ဗျ "

" ဟာ ... ငါ့မိတ်ဆွေက လူကြီးလူကောင်း ပါကွာ ၊

မင်းမိန်းမ အတွက် စိတ်မပူပါနဲ့ "

... ဆိုတော့ သူ့ယောကျ်ား ပြန်ပြောတဲ့ စကားကြောင့်

လင်မယား ထသတ်တာ ရပ်ကွက်လူကြီးတွေ ခေါ်ပြီး ဖြန်ဖြေယူ ရတယ် ။

သူ့ယောကျ်ား ပြောတာက ...

" မဟုတ်ဘူး ၊ ကျနော်က နိုင်ငံခြားသား အတွက် စိတ်ပူတာ " ... တဲ့ ။

.

.

.

😁😁😁

သန်၄ကို - ပေါက်ကရ၄၀

You May Also Like

0 comments