ဘာလုပ်မယ် ထင်လို့ပါလိမ့်

by - December 22, 2019


တရားရုံး တခုတွင်
လုယက်မှု တခုအတွက်
အမှု တိုင်တန်းသူ တရားလို မိန်းကလေးကို
တရားခံဘက်က ရှေ့နေက မေးခွန်း ထုတ်နေသည်

" ဒီက ကလေးမရဲ့ လက်ဝတ်ရတနာ တွေကို
ဟော ဟိုမှာ ထိုင်နေတဲ့ တရားခံက
ပွဲခင်းထဲက ခေါ်ထုတ်သွားပြီး
လူပြတ်တဲ့ နေရာ ရောက်မှ လုယက် ခဲ့တယ် ဆိုတာ ဟုတ်ပါသလား "

" ဟုတ်ပါတယ် ရှင် ... အမှန်ပါဘဲ "

" ဒါဆို ကလေးမကို တရားခံက ပွဲခင်းထဲက လက်ကုပ်ပြီး ခေါ်ထုတ် သွားတုန်းက
ဘာလို့ အသာတကြည် လိုက်သွားခဲ့ တာလဲ
ပတ်ဝန်းကျင်ကို ဘာလို့ အကူအညီ မတောင်းတာလဲ ? "

ထိုအခါ
တရားလို မိန်းကလေးက
ရှက်ကိုး ရှက်ကန်းဖြင့် ဤသို့ ပြန်ဖြေ လိုက်ပါသည်

" အို ... အာ့တော့ ... သူရုပ်က ခပ်ဖြောင့်ဖြောင့် ဆိုတော့
ပစ္စည်း လုမယ့်သူ လို့ မထင်ဘူးလေ "

" ဟေ "

😂😂😂😂😂
လူချွန်တော်

You May Also Like

0 comments