ယောက်ျးကောင်းဆိုတာ ကိုယ့်မိန်းမကို မလိမ်ရဘူး

by - December 27, 2019


မိမိဟာ ယောင်္ကျားကောင်း ပီသတယ်ဆိုရင် မိမိဇနီးကို မလိမ်နဲ့... အမှန်အတိုင်း ပြောကြပါ...

ဒေါသထွက်နေတဲ့ ဇနီးသည်ဟာ အပြင်မှာ ရောက်နေတဲ့ ခင်ပွန်းဖြစ်သူကို ဖုန်းဆက်ပြီး...

" ရှင်က အခု ဘယ်နေရာမှာ သွားပြီး အလေလိုက် နေတာလဲ?"... လို့ မေးလိုက်တယ်..

ခင်ပွန်းသည်က လေသံ ခပ်အေးအေးနဲ့...

" ဟေး ဟန်နီ!! ဟိုတစ်နေ့ကလေ မင်း မြင်ပြီး သဘောကျတယ်လို့ ပြောတဲ့ စိန်လည်ဆွဲလေးလေ... အေး! အဲဒီ ရွှေဆိုင်ကို မှတ်မိသေးလား?...

ခင်ပွန်းသည် စကားကြောင့် ဒေါသအရှိန် အနည်းငယ် လျော့ကျသွားတဲ့ ဇနီးသည်က...

" အင်းး! မှတ်မိတာပေါ့... ဒါလင်!!! "...

" အေးး... အဲဒီနေ့က မင်းအတွက် ဝယ်ပေးမလို့ ကိုယ့်မှာ ပိုက်ဆံ မရှိဘူးလေ... "

ခင်ပွန်းသည်က ဆက်ပြီး...

" ပြီးတော့ တစ်နေ့ကျရင် ဝယ်ပေးမယ်လို့ ကိုယ်ပြောခဲ့ တာလေ... မှတ်မိသေးတယ်... ဟုတ် "

ဒီတစ်ခါတော့ ဇနီးသည်ဟာ ဒေါသအရှိန် လုံး၀ လျော့ကျသွားတယ်.. ပြီးတော့ မျက်နှာပေါ်မှာလည်း အပြုံးနဲ့ ရှက်သွေးဖြန်းနေပြီး...

" အင်းးး! မှတ် မိ ပါ တယ် ဆို... ချစ်ကလည်း..."

ခင်ပွန်းဖြစ်သူကဇနီးကို..

" မင်း အဲ့ စိန်လည်ဆွဲလေးကို မြင်ပြီးကတည်းက မင်းတတွတ်တွတ် ပြောနေသံလေးကို ကိုယ် ဘယ်မေ့ပါ့မလဲ... ကိုယ့်မှာ ဒီမိန်းမ တစ်ယောက်ပဲ ရှိတာလေ "

မိန်းမဖြစ်သူက..

" အင်းပါ ချစ် ယောက်ကျားရယ်.. ယောက်ကျားက အခု အဲ့ ရွှေဆိုင်မှာလား "

" အင်း ဟုတ်တယ်.. အဲ့ ရွှေဆိုင်ဘေးက KTV ဆိုင်မှာလေ "

😁😁😁
ခရစ်ဒက်စ်

You May Also Like

0 comments