မကြောက်ကြပါနဲ့

by - December 29, 2019


လေယာဉ် တစင်းပေါ်တွင် အင်ဂျင်နီယာ ပရော်ဖက်ဆာများ ထိုင်နေကြသည် ။
ထိုစဉ် ကြေငြာသံတခု ထွက်ပေါ် လာသည် ။

" ယခု စမ်းသပ် မောင်းနှင် ပျံသန်းမယ့် လေယာဉ်ဟာ
ဆရာတို့ ကျောင်းသားတွေ ကိုယ်တိုင် တည်ဆောက် ထားတဲ့ လေယာဉ် ဖြစ်ပါတယ်ရှင် "

ကြေငြာသံ အဆုံးမှာတော့
ပရော်ဖက်ဆာများ အားလုံးဟာ ရုတ်ရုတ် သဲသဲနဲ့ လေယာဉ်ပေါ်က ဆင်းကြဖို့ ပြင်ဆင်ကြသည် ။

သို့သော် အင်ဂျင်နီယာ ကျောင်းအုပ်ကြီး ကတော့ နေရာကတောင် မရွှေ့။
အေးဆေးထိုင်နေတုန်း ။

ဒါနဲ့ မနေနိုင်တဲ့ ဆရာ တယောက်က လာပြီးမေးသည် ။

" ဆရာကြီး ... မကြောက်ဘူးလား "

ဆရာကြီး ပြန်ဖြေလိုက်တာက

" ငါ့တပည့်တွေကို ငါ ကောင်းကောင်း ယုံကြည်တာပေါ့
ဒီလေယာဉ်က စက်တောင်နိုးမှာ မဟုတ်ဘူး "

😁😁😁
NAME

You May Also Like

0 comments