ရေတွင်းပျက်ထဲက မြည်း

by - December 21, 2019


တနေ့မှာ လယ်သမား တယောက်ရဲ့ မြည်းဟာ ရေတွင်းပျက်ထဲ ပြုတ်ကျပါရော ။ မြည်းက စနားစဖွယ် ငိုကြွေးနေခဲ့ပြီး၊ လယ်သမားကလည်း ဘယ်လိုလုပ်ရမလဲ ဆိုတာ အကြံ ထုတ်နေ ခဲ့တယ် ။

မြည်းဟာ အိုနေပြီ ရေတွင်းဟောင်းကလည်း ဟောင်းနေလို့ မြေဖို့ပြစ်ဖို့ လိုနေပြီ ၊ ဒါကြောင့်မြည်းကို ကယ်တင်ဖို့ မထိုက်တန်တော့ဘူး လို့ လယ်သမားက ဆုံးဖြတ်လိုက်တယ် ။

လယ်သမားဟာ အိမ်နီးချင်းတွေကို ဖိတ်ခေါ်ပြီး အကူအညီ တောင်းခဲ့တယ် ။ အိမ်နီးချင်းတွေလည်း ဂေါ်ပြား ကိုယ်စီ ကိုင်ပြီး ရောက်လာကြတယ် ။ ရေတွင်းကို အမှိုက်တွေ မြေကြီးတွေနဲ့ စတင်ဖို့ ကြတယ် ။

ပထမတော့ မြည်းဟာ သူ့ကို ရေတွင်းထဲမှာ မြေကြီးနဲ့ ဖို့သတ်နေတယ် ဆိုတာ သိပြီး တုန်လှုပ် ငိုကြွေးတော့တယ် ။ နောက်တော့ မြည်းဟာ ငြိမ်သက် သွားတယ် ။

မြေကြီးတွေ အတော် ဖို့ပြီးတော့ လယ်သမားဟာ ရေတွင်းထဲကို ငုံ့ကြည့် လိုက်တယ် ။ လယ်သမားဟာ မြင်လိုက်ရတဲ့ အရာကို အံအားသင့် သွားတယ် ။

မြည်းဟာ သူ့ရဲ့ ကျောပေါ်ကျလာတဲ့ အမှိုက်တွေ မြေကြီးတွေကို ခါချပြီး မြင့်တက်လာတဲ့ မြေသားနဲ့ အတူ အပေါ်ကို တဖြည်းဖြည်း ရောက်လာတယ် ။ နောက်ဆုံးမှာ မြည်းဟာ သူ့ကိုဖို့တဲ့ မြေကြီးတွေကို အသုံးချရင်း ရေတွင်းထဲက လွတ်မြောက်လာ ခဲ့တယ် ။

လူ့ဘဝမှာ ဘယ်လို အညစ်အကြေးတွေ မကောင်းမှုတွေ သင့်အပေါ် ကျရောက်ပါစေ ။ ဒါတွေကို ခါချပြီး ဘဝတက်လမ်း အတွက် အသုံးချ လိုက်ပါ ။

တကယ်တော့ ဒုက္ခ ဆိုတာ ဘဝ အောင်မြင်ဖို့ အတွက် ခုတုံးတွေ လှေခါးထစ်တွေပဲ ဖြစ်ပါတယ် ။

ဘယ်လို နက်ရှိုင်းတဲ့ ဒုက္ခ ရေတွင်းထဲ ကျရောက်ပါစေ အရှုံးမပေး ပါနဲ့ ၊ ဒုက္ခတွေကို ခါထုတ် ပြစ်လိုက်ပြီး လှေခါးထစ်လို အသုံးချလိုက်ပါ ။

ဓမ္မအလင်းရောင်

You May Also Like

0 comments