လှူလို့ရတယ်

by - December 12, 2019


(1) လှူလို့ရတယ်

" အန်ကယ်ရှင့် "

" ထိုင်ပါ ကွယ် ...
အန်ကယ် ဘာအကူညီ ပေးရမလဲ သမီးတို့ ကို "

သမီးတို့ သူငယ်ချင်းသုံးယောက် ခန္ဓာကိုယ် လှူချင်လို့ပါရှင့် "

" ကောင်းတာပေါ့ကွယ် ကြိုဆိုပါတယ် သမီးတို့ရယ် "

" သေပြီးနောက် Dead body ကို လှူမယ် ဆိုရင်
ဟိုတခုံကျော်က စားပွဲလေးမှာ စာရင်း သွားပေးထားလိုက်ပါ "

" အဲ .... မသေခင် လှူချင်တာ ဆိုရင်တော့
ဒီမှာ အန်ကယ့် ဖုန်းနံပါတ် ...
အချိန်မရွေး ဖုန်းဆက်လိုက်နော် သမီးတို့ "

" ရှင် အန်ကယ် "

😁😁😁
ခရစ်ဒက်စ်

(2) ဉာဏ်ကောင်းပုံ

ပိုးသတ်ဆေး အရောင်းဆိုင် တဆိုင်တွင် ဖြစ်သည် ။

ရွာက ကိုကံချို ဆိုင်ရှေ့ ရောက်လာ၏ ...

" ဗျို့ဆိုင်ရှင် ... ကြွက်ဆေး ငါးထုပ်လောက် ရမလား ... "

ဆိုင်ရှင်လည်း ကြွက်ဆေး ငါးထုပ်ကို ကိုကံချိုအား ပေးလေ သည် ။

ကိုကံချိုလည်း ဆိုင်ရှင်ရှေ့တွင် ကြွက်ဆေး တထုပ်အား ဖေါက်ကာ
လက်ဖြင့်နှိုက်၍ မြည်းပြ လိုက်လေသည် ...

" ဆိုင်ရှင် ... ခင်ဗျားဆေးက စွမ်းလည်း မစွမ်းပါလား
ကျွန်တော် မြည်းကြည့်တာ ဘာမှလဲ မဖြစ်ပါပဲလားဗျ ... "

ဆိုင်ရှင်လည်း ပြယာသလဲ ဖြစ်ကာ ...

" ဟဲ့ဟဲ့ ... မောင်လေးရယ် တိုးတိုးပြောပါကွယ်
အများကြားသွားရင် တော်နေ ငါ့ဆိုင်က ဆေးတွေ ဝယ်သူမရှိပဲ ဖြစ်နေပါ့မယ် ...
မြန်မြန် ပြန်ပါကွယ် ... ဆေးတွေလည်း အလကားသာ ယူသွားပါ ... "

ကြွက်ဆေးတွေ အလကား ရလာတော့ ကိုကံချိုလည်း ရွာရောက် သည်နှင့် ဖေါက်သည်ချ တော့သည် ...

" ကြွက်ဆေးတွေကို ဆိုင်ရှင်ရှေ့မှာ လက်ညှိုးနဲ့နှိုက်ပြီး လက်ခလယ် နဲ့ မြည်းပြတာ ဆိုင်ရှင် ကြောက်လန့် သွားတယ် ... " ဟူသတည်း ။

😁😁😁
ခရစ်ဒက်စ်

You May Also Like

0 comments