အလှူက ဒံပေါက်

by - December 06, 2019


အိမ်တက် အလှူ တဲ့ .. လာ ဖိတ်တာ ဒံပေါက် ကျွေးမှာ ဆိုပဲ

ဘာပြောကောင်းမလဲ - လာထားပေါ့
ကျတော်က ဒံပေါက်ဆို လွှတ်ကြိုက်တာ

" အမေရေ - သား အတွက် - ဟင်း ချန်မထားနဲ့တော့
သား အလှူမှာ သွား ကြိတ်မို့  "

" အေးအေး - ပါဆယ် ရရင်လည်း ဆွဲလာခဲ့အုံး "

" တိန် "

အမလေး
ကျုပ်အမေ ကလည်း ဇ မသေးပါလား ဟ

ဒါနဲ့
လည်ကတုံး အဖြူ လေး သပ်သပ် ရပ်ရပ် ဝတ်လို့
အလှူအိမ်ကို ထွက်လာခဲ့တယ်

အလှူအိမ် ရောက်တော့
ထုံစံ အတိုင်း ဖိနပ်ကို သော့ခတ်မို့ ကြည့်လိုက်တော့
ဟာ သောက်ဂွ - ကြက်ပေါင် ဖိနပ်အစုတ်ကြီး မှားစီးလာ မိပြီ
တောက်ကွာ ရှက်ထှာ
အပေါ်က စတိုင်အပြည့်
အောက်က ဖိနပ် အစုတ်နဲ့
တတ်နိုင်ဘူးလေ
လိုရင်းက ပိုအရေးကြီး တာပဲ

အိမ်ထဲဝင်
ခပ်တ်တည်တည် နဲ့ စားပွဲမှာ ဝင်ထိုင် လိုက်ပြီး
အင်္ကျီလက်နှစ်ဖက်ကို လိပ် တင်လိုက်တယ်

ဟဲဟဲ

ခဏနေတော့
ဒံပေါက် တစ်ပွဲ လာချပေးတယ်

" ဟင် "

ဒံပေါက်က တစ်ပွဲသာ ပြောတာ နည်းနည်းလေး ရယ်
ကြက်သားတုံး ကလည်း သေးသေးလေး
တစ်ပွဲကို နှစ်ပွဲများ ခွဲထားလား မပြောတတ်ဘူး

ဗိုက်ဆာဆာ နဲ့ စားလိုက်တာ
နံကြားတောင် ညပ်ပုံမရဘူး
စားရတာ ဆန့်တငန့်ငန့်နဲ့ မ ဝ ဘူး ဖြစ်နေလို့

ကျတော့်လိုပဲ လည်ကတုံး အဖြူ လေးနဲ့
ဧည့်သည်တွေကို ဧည့်ခံနေတဲ့ ကောင်လေးကို

" ညီလေး ခဏ "

လို့ လှမ်းခေါ်လိုက်တော့ ရောက်လာတယ်

" ဪ အစ်ကို - စားရတာ အဆင်ပြေရဲ့လား ?"

" အေး - စားရတာတော့ အဆင်ပြေပါတယ်ကွ - ဒါပေမဲ့ မဝဘူးကွာ - လိုက်ပွဲလေး လုပ်ပေးပါလား "

ထိုအခါ
ကောင်လေးက ခေါင်းကုတ်လို့

" မရှိတော့ဘူး အစ်ကိုရ - ကျတော်တို့က အရေအတွက်နဲ့ အတိအကျ လုပ်တာ မို့ပါ "

" ဟား အဲ့ဒါမှ ပြသနာ ပဲကွာ - အိမ်မှာလည်း ဟင်း ချန်မထားနဲ့လို့ ပြောခဲ့ပြီ ဗိုက်ကလည်း မဝသေးဘူး - ဘယ်လို လုပ်ကမလဲ "

" ဟို တကယ် မရှိတော့လို့ပါ အစ်ကိုရ "

ထိုစဉ်
အိမ်ရှင် ဖြစ်ဟန်တူတဲ့ အဒေါ်ကြီး တစ်ယောက် ရောက်လာပြီး

" သား ဘာဖြစ်လို့လဲ ? "

" ဪ အမေ - ဒီအစ်ကိုက - ဒံပေါက် ထပ် တောင်းနေလို့ "

" ငင် "

ငိုးမသား ပြောပုံက
သူတောင်းစားကြီး ကြနေတာပဲ
တော်သေး
အမေဖြစ်သူက သဘောကောင်းပုံ ရပါတယ်

" အာ့ဆို - ထပ် ထည့်ပေးလိုက်လေ သားရဲ့ "

" မရှိတော့ဘူး အမေရ - နောက်ဖေးမှာ စားကြွင်း စားကျန်နဲ့ အရိုးတွေပဲ ရှိတယ် "

" တိန် "

" ဪ သားကလည်း - အာ့တွေ ထည့်ပေးလိုက်လေ "

" ဗျာ "

" အဲလေ - မှားလို့ မှားလို့ ကန်တော့ ကန်တော့ သားရယ် "

" ဟုတ်ကဲ့ ဟုတ်ကဲ့ "

ကျတော်လည်း ယောင်ပြီး ထိုင်ကန်တော့လို့

" ဟဲ့ဟဲ့ ဘာလုပ်တာလဲ ? "

" ဗျာ ဪ အေး ဟုတ်သားပဲ - ယောင်သွားလို့ "

သောက်ရှက်ဗျာ
ဗိုက်က မ ဝရတဲ့ အထဲ
အယောင်ယောင် အမှားမှားနဲ့

ဒါနဲ့ ကျတော်လည်း ရှက်ရှက်နဲ့
ထ ပြန်မယ် လုပ်တော့

" ဪ -- မေ့နေတာ သားရယ် - ပါပီလေးအတွက်
ဖယ်ထားတာ ရှိတယ်မလား - အဲ့ဒါ ချကျွေးလိုက်လေ "

" ကိန် "

မိုက်ရိုင်းထှာဗျာ
ခွေးအတွက် ချန်ထားတာကို ချကျွေး လိုက်တဲ့

" နေနေ - အန်တီ - မစားတော့ဘူး - ပြန်တော့မယ် "

ကျတော်က ထိုင်ရာက ထ ရပ်လိုက်ပြိး ပြန်မယ် လုပ်တော့

" ဟို ပါပီလေးဆိုတာ - ခွေးကို ပြောတာ မဟုတ်ဘူးနော် "

ဒီတော့
ကျတော်က

" ဪ - ခွေး မဟုတ်ဘူးလား - "

ဆိုပြီး ပြန်ထိုင်ဖို့ လုပ်တော့

" အိမ်မှာ မွေးထားတဲ့ ကြောင်လေး ပါကွယ် "

ဟာ နင့်မေယိုး တဲ့မှပဲ

ကျတော်လည်း
စိတ်တိုတိုနဲ့ စိတ်ထဲက ဆဲလိုက်တာ
အသံက အပြင် ထွက်သွားလို့
အားနာနာနဲ့ အိမ်အပြင် အမြန် လှမ်းထွက် ခဲ့တော့
နောက်က လူတစ်ယောက်က လှမ်းအော်တယ်

" ဟျောင့် - အဲ့ဒါ ငါ့ဖိနပ်ကွ "

" အယ် "

" မင်းရဲ့ ကြက်ပေါင် ဖိနပ်အစုတ်က - ဟိုမှာ - "

" ဟုတ်ဟုတ် - ဆောရီးပါဗျာ - လော သွားလို့ "

" အေးအေး - လုပ်စားတာ ကြာပြီလား "

" တိန် "

ငါနော်
လဲသာ သေလိုက်ချင် တော့တယ်
ဒံပေါက် ဆိုလို့ ငတ်ကြီး ကျမိတာ
သောက်ရှက်ကို လုံးလုံး ကွဲတာပဲ

ဟူးး ဗိုက်ကလည်း ဆာလိုက်တာ
အမေရေ ဟင်းချန်ထားအုံးဗျို့

😂😂😂
လူချွန်တော်

You May Also Like

0 comments