ဒါမျိုး လက်မခံနိုင်ပါ

by - December 06, 2019


ကသားညီ သိပ်ချစ်တဲ့
ဘုန်းကြီး တပါး ရှိခဲ့ ဖူးတယ် ... 😜😜😜

အဲ့ဒီ ဘုန်းဘုန်းက
အိမ်မှာ အန္တရာယ်ကင်း ပရိတ် လာရွတ်ရင်းနဲ့
မင့်ဒို့ လင်မယားကို မှာစရာ ရှိတယ် လို့ ဆိုလေတယ် ...

လင်မယား နှစ်ယောက် တင်ဘာ့ဖျား ဆိုပီး
အနားတိုး နားထောင်လပ်တဲ့ ချိန်မှာဒေါ့ ...

ဘုန်း ။  ။
မင့်ဒို့အိမ် နောက်ဖေးက အပင်မှာ အစောင့် ရှိတယ် ..
အဲ့ဒါ သိလားးး

ညီ + အိ ။  ။
အမ်!! မသိပါဘူးဖျားးး

ဘုန်း ။   ။
အေးးး အဲ့ဒီ အစောင့်က
မင့်ဒို့ကို အကျိုးပြု မှာကွ ...

ညီ + အိ ။   ။
ဟုတ်လားးး
ကောင်းတာပေါ့ဖျားးး

ဘုန်း ။  ။
အေးးး ဒါမယ့် ..
အစောင့်က မကြိုက်တာတေ ကိုတော့
မင့်ဒို့ လုပ်လို့ မဖြစ်ဘူးးးး

ညီ + အိ ။   ။
တင်ဘာ့ ...

ဘုန်း ။   ။
မင့်ဒို့မှာ ရေချိုးခန်း ရှိပေမယ့်
ဝစ်လစ် စလစ် ရေမချိုး ရဘူးးး

ညီ ။   ။
အမ် !!! တင်ဘာ့ ...
( အိ .. ငြိမ်နေ )

ဘုန်း ။   ။
နှစ်ယောက်အတူ ဝစ်လစ်စလစ် လည်း
ချိုးလို့ မရဘူးးး
အစောင့်က မကြိုက်ဘူးးးး

( ညီ + အိ ငြိမ်နေ )

ဘုန်း ။   ။
ပီးတော့ အရေးအကြီးဆုံး အချက်ရှိတယ် ...
မင့်ဒို့က အကြင်လင်မယားဒေ ဆိုပေမယ့်
လင်မယား ကိစ္စ ပြုမူကြတဲ့ အခါ မှာလည်း
ဝစ်လစ်စလစ် အိန္ဒြေမဲ့ ပြုမူလို့
လုံးးးဝ မဖြစ်ဘူးးနော် ...
အဲ့ဒါမျိုးကို အစောင့်က လုံးးးဝကို လက်မခံဒါ ....
အဲ့ဒါ အရေးကြီးတယ် ... ဆင်ခြင်မှ ဖြစ်မှာ ...

ညီ + အိ ။    ။
နောက်ဖေးက ဘယ်အပင်လဲ ဖျားး

ဘုန်း ။    ။ အိမ်နောက်ဖေးက သဖန်းပင် လေကွာ ...

ညီ + အိ ။    ။
တင်ဘာ့ ... မနက်ဖြန် သွားခုတ်လိုက်ပါမယ် ဖျားးး
ဘုန်းဘုန်းလည်း စိတ်အေးအေးသာ ပြန်ကြွတော် မူဘာဖျားးး

ဟမ့် 😏😏😏

( ယူဒို့ဘဲ စဉ်းစားကျိလေ .. ဘလာဘလာဒါကိုသာ အိန္ဒြေရေလေးနဲ့ ဘလာနေရလို့ ကတော့ ဘလာရဒါ ဘလောက် ဘော့လပျက်နိုင်လိုက် မလဲအေ နော့ ... အစောင့်ကလည်း ဒလောက်တောင် ဝစ်လစ်စလစ် မုန်းနေရအောင် ဘွအဆက်ဆက်က ဖျင်တုံးလုံးနဲ့ ဘလာနေဒုန်း ဘယ်သူက ဘာလုပ်လိုက်လို့ ဂိပီး အစောင့်ဖြစ်နေဒယ်သိပူးးးး နော့လေ... နော့ )

ဒါမျိုးးး
ကသားညီ နဲ့ ဒအိ လုံးးးဝ လက်မခံဘာ👎👎👎

😁😁😁

မယ်အိ

You May Also Like

0 comments