ထက်မြတ်တဲ့ မိန်းမနဲ့ ချစ်သူဖြစ်သောအခါ

by - December 29, 2019


" ထက်မြက်တဲ့ မိန်းမ ဆိုတာ လှိုင်းလုံးကြီးကို အားကျပြီး လှိုင်းမစီးချင်ဘူး
အဲ့လှိုင်းလုံးကို ရအောင် ကျော်ဖြတ် ချင်တာ "

" အော် အဲ့ ဒလို "

" ကျမလည်း အများနည်းတူ လိုင်းကား မစီးချင်ဘူးမောင် "

" ဟေးး တက္ကစီ "

ထက်မြက်တဲ့ မိန်းမကို ရည်းစား တော်ထားတဲ့ ကျနော်
သူ မျက်နှာရိပ် မျက်နှာကဲကို သိပြီးသား

စာဖတ်တော့ လွန်းထားထားနဲ့ ပုညခင်
ရုပ်ရှင်ကျ ဖွေးဖွေးနဲ့ ထွန်းအိဒ္နြာဗိုလ်က သူ့ရဲ့ အိုင်ဒေါတွေ
အဲ့ဒလို ထက်မြက်နေတော့ ကိုယ့်မှာ အရိပ်အခြေ ကြည့်ပြီး ဖော်လို လိုက်ပေးနေရတယ်

" မောင် ကျမ ဝယ်ပေးတဲ့ အထက်ဆင်လေး မပါဘူးလား "

" ဟယ့် ဘယ့်နှယ့်ကြီးလား "

" မနေ့က ဝယ်ပေးတဲ့ အနက်ရောင် အထက်ဆင်လေးလေ "

" ဟာ့ ဦးထုပ်ပါ သဲရယ် "

" ကျစ့် မောင် သိပ်တုံးတာပဲ
မောင့်အထက်ပိုင်း မှာ ဆင်ထားတာ အထက်ဆင်ပေါ့ "

စ လာပြီ
ဘုရားသွားဖို့ ချိန်းကတည်းက ငတိမ ရဲ့ ထက်မြက်မှုတွေ တမျိုးပြီး တမျိုးလာမယ်ဆိုတာ သိပြီသား

" ဦးထုပ်ကို ဦးထုပ်ပဲ ခေါ်ပါလား
အထက်ဆင် ဆိုတာကြီးကျ မနိပ်ပါဘူး သဲရယ် "

" ဘာဖြစ်လို့ "

" မောင်က ကျမ ဝယ်ပေးတဲ့ အထက်ဆင်ကြီးနဲ့ သိပ်လိုက်တာပဲ ဆို လူကြားလို့မှ မကောင်း "

" အို့ ဘုရားရေ
ကျမတို့ မိန်းမသားတွေ နှစ်အကြာကြီး သိမ်ငယ်နေတာကျ မောင် မတွေးမိဘူး မို့လား "

" ဘယ်လိုတွေတောင် လားကွာ"

" မောင်တို့ ယောကျ်ားတွေမှာ ဦးထုပ်ဆိုတဲ့ နမ်စားကို နှစ်မျိုးသုံးတယ် "

"့ ??? "

" တခုက ခေါင်းမှာ ဆောင်းတာ
တခုက သားဆက်ခြားတဲ့ နေရာမှာ သုံးတာ "

" အင်းလေ "

" လူကြားထဲ မှာ မောင် ဦးထုပ် မဆောင်းဘူးလား မေးမိရင်
ကျမတို့ မိန်းမသားတွေ မနစ်နာဘူးလား "

" ဟို အဲ့ဒါတော့ "

" ကျမတို့ နှစ်အတော်ကြာ မျက်နှာ ငယ်လာရတာ
အထက်ဆင်လို့ ပြောင်းပေးနော် "

အထက်ဆင် ခေါင်းမှာ ပတ်ပြီး အတော်ကြီးကို ဂေါ်နေပါပြီနော်
စိတ်တွေလည်း အရှည်ကြီးကို ညစ်နေပါပြီနော်

ဘုရားပေါ် ရောက်တော့ ဘယ်လိုများ ထက်မြက်အုံးမလဲ ကိုယ့်မှာ စောင့်ကြည့်နေရတယ်

ဘုရားရှိခိုး တာတော့ သူလိုကိုယ်လို ပါပဲ
ဓာတ်ပုံရိုက် တာလည်း သူလို ကိုယ်လို အဖက်ကင်မရာပဲ

ငတိမ ထက်မြက်တာ မေ့လောက်ပြီ နည်းနည်း ရို ကြည့်မယ်ပေါ့

" သဲ ဘာတွေ ဆုတောင်းခဲ့လဲဟင် "

" မောင် အရင်ပြောပြ "

ကျနော့်ပုခုံးလေး မှီပြီး တိုးတိုးလေး ပြောနေတာ
မျက်လုံးက ကောင်းကင်ကို မော့ကြည့်လို့
ကျနော်လည်း အသားကုန် ရိုမယ်ပေါ့လေ

" သဲ နဲ့ ဘဝဆက်တိုင်း ပေါင်းရပါစေ လို့ ဆုတောင်းခဲ့တယ် "

" အို ဘုရားရေ့
ဘယ်လောက်တောင် တုံး အ လိုက်တဲ့ မောင်လည်းကွယ် "

" ဘာဖြစ်လို့လဲ သဲရဲ့ "

" ဒါ ဆုတောင်း မဟုတ်ဘူးမောင်
ကျိန်စာ လို့ ခေါ်တယ် "

" ငိ "

ငတိမ ထက်မြက်ပြတော့မယ် ဆိုတာ ကြိုသိနေခဲ့ပြီလေ့

" နောက်ဘဝ ဘာဖြစ်မယ် ဆိုတာ မသေချာဘူး မောင် "

" အင်းလေ "

" ကျမက နိုင်ငံကျော် မင်းသမီး ဖြစ်နေပါပြီတဲ့ "

" အင်း "

" မောင်က ကန်တော့နော်
လမ်းဘေးက ခွေးလေ ခွေးလွင့် ဖြစ်နေရင် ဘယ်လိုလုပ်မလဲ "

" အော် အဲ့ဒလို "

" မောင်တောင်းတဲ့ ဆုက ကျမအတွက် ကျိန်စာ ဖြစ်မနေဘူးလား "

အို ဘုရားရေ
ချစ်သူချင်း ရို ကြည့်တာတောင် ကျိန်စာ တိုက်သတဲ့လားကွယ်
( ငါပါ ယောင်ကုန်ပြီဟ)

ဒီလောက် ထက်မြက်တဲ့မိန်းမ ကျနော် ဘယ်လိုများ ချစ်မိခဲ့ပါလိမ့်
သူကရော ကျနော့်ကို ဘာကြောင့် ပြန်ချစ်တာတဲ့လဲ
အရမ်းကို သိချင်နေပြီ

" သဲ မောင့်အချစ်ကို
ဘာကြောင့် လက်ခံခဲ့တာလဲဟင် "

" ဖေ့ဘုတ်မှာ မောင် တင်ထားတဲ့ ပုံလေးတွေ့တည်းက ကြွေနေတာ "

ကဲ ဘယ်လောက်ပဲ ထက်မြက်ပါတယ် ပြောပြော
ကိုယ့် ရူပါမှာ ကြွေပြီ မို့လား

" မောင့် ရုပ်က ချောလို့မို့လား "

" ဟုတ်ပါဘူး ပုံပေါ်မှာ ရေးထားတဲ့ စာလေးကို ဒဲ့ကြွေတာ "

" ဟင် ဘာတွေ ရေးထားလို့လဲ "

" ဟိုင်း အချောလေးတို့ အဖက် လုပ်ရင် ဝေါထဲထိ လာလည်မယ် တဲ့ ခိခိ "

" ဟယ့်
သူများတွေလည်း အဲ့လို ရေးကြတာပဲလေ "

" မတူဘူး မောင်ရဲ့ ...
မောင့် ရုပ်နဲ့ အဲ့စာနဲ့က အရမ်းကို လိုက်တာ
ကျမလည်း တောသား စစ်စစ် တွေ့ပြီဆိုပြီး ဆွဲစိလိုက်တာပဲ "

" ဂါးး "

စောင်ရမ်းကို ထက်မြက် နေပါပြီနော်
ဂျိုလည်း ပေါက်ချင် နေပါပြီနော်
မြက်လည်း စားချင်နေပါပြီနော့် ။  ။

😁😁😁
po po mg

You May Also Like

0 comments