ချဉ်ငန်စပ်

by - December 21, 2019


ကြားရက်ထဲ ပင်နင်ဆူလာ ရောက်တယ်။
အသားငါးတွေ မစားချင်တာနဲ့ အသုပ်နဲ့ ထမင်းဖြူနဲ့ စားမယ်ဆိုပြီး ဟိုအစ်မကြီးရဲ့ ဆိုင်ကို ရောက်ရော။

လူကလည်း ရှင်းနေတော့ ကိုယ်အရင်ဆုံးပဲ...

"အစ်မကြီး... အစုံသုပ်တစ်ပွဲ''

"အေး... ချဉ်ငန်စပ်လား''

"ဟုတ်...''

သူက အသုပ်ကို လက်အိတ် မစွပ်ဘဲ နှယ်နေတာ

ဒါနဲ့ မေးမိတာပေါ့... ...

"အစ်မကြီး လက်အိတ် မစွပ်ဘူးလားဗျ''

"မလိုပါဘူး ငါ့လက်က သန့်ပါတယ်''

"အိမ်သာက ပြန်လာရင်ရော လက်ဆေးရဲ့လား''

"ပြန်လာရင် မဆေးဘူး၊ အသွားမှာ ဆေးတယ်''

"ခများဟာက ပြောင်းပြန်၊ အသွားမှာ မဆေးဘဲ အပြန်မှ ဆေးရမှာလေ'' ဆိုတော့...

သူက ပြန်အော်တယ်... ...

"ဟဲ့... အသွားမှာ လက်ကို စင်အောင်ဆေးမသွားရင် ငါ့ဖင် ချဉ်ငန်စပ် ဖြစ်သွားမှာပေါ့''... ဆိုပြီး ငရုတ်သီးမှုန်တွေနဲ့ ရဲနေတဲ့ သူ့လက်ကို ထောင်ပြတယ်။

ကိုယ့်မှာ...

အသုပ်တစ်ဇွန်းစားလိုက်၊ သူလက်ကြီးမြင်လိုက်၊

အသုပ်တစ်ဇွန်းစားလိုက် သူ့ ချဉ်ငန်စပ်ကြီး မြင်လိုက်နဲ့

အေးတာပဲ
.
.
.
သန်၄ကို - ပေါက်ကရ၄၀

You May Also Like

0 comments