အလွန်တရာနာကြည်းလွန်းတဲ့ ဒါဏ်ရာ

by - December 09, 2019


ဟိုရှေးရှေးတုန်းက တောကြီးတစ်နေရာမှာ ကျွဲကြီး တစ်ကောင်ရှိသည်။ ထိုကျွဲကြီးသည် သူရဲ့ဦးဂျိုကို သူအလွန်တရာမှချစ်မြတ်နိုး၏။ ထို အခါ ကျီးကန်း ညီအစ်ကိုနှစ်ကောင်သည် ထိုကျွဲကြီး၏သူအလွန်တရာချစ်မြတ်နိုးသော ဦးဂျိုကိုမြင်ပြီး ကျွဲကြီးကိုမေးလေသည်။

အို....မိတ်ဆွေ ကျွဲကြီး သင်၏ဦးဂျိုကို အဘယ်ကြောင့် အလွန်တရာ ချစ်မြတ်နိုးရပါသနည်း.. ဟု မေးလေရာ ကျွဲကြီးက ..ငါ၏ တစ်ကိုယ်လုံးခန္ဓာကိုယ်ပေါ်မှာ အလှပဆုံးဆိုစရာ ဒီဦးဂျိုနှစ်ချောင်းပဲ ရှိတာမို့ ငါ၏ ဦးဂျိုကို အလွန်တရာပင် ချစ်မြတ်နိုးရပါသည် တကား... ဟုတ်ဖြေဆိုလေသည်။

ထို အခါပင် ကျီးကန်းညီအစ်ကိုက ကျွဲကြီးကို ထပ်မေးလေးသည်။

အို ...မိတ်ဆွေ ကျွဲကြီး သင်အလွန်တရာပင် ချစ်မြတ်နိုးကသော သင့်၏ဦးဂျိုကို ဖြတ်ရဲ ပါသလော ဟုတ် ထပ်မေးလေ ရာ ကျွဲကြီးက ငါငယ်စဉ်ကတည်းက ဒီဦးဂျိုနဲ့နေလာခဲ့တာပါ အဆွေ.... ဒီဦးဂျိုကိုဖြတ်လိုက်ပါက ငါ တကယ့် ဒုက္ခနဲ့ကြုံရတဲ့အဖြစ်လိုမျိုး ခံစားရမှာသေချာပါတယ် အဆွေ ....ဟု ကျွဲကြီးက ဖြေလေ သည်။

ထို အခါ ကျီးကန်း ညီအစ်ကို ဘက်က ကျွဲကြီးကို ထပ်ခါထပ်ခါ အခါတစ်ရာ မက ကျွဲကြီး၏ ဦးဂျိုကို ဖြတ်လိုက် ဖို့ တိုက် တွန်းလေရာ ... ကျွဲုကြီးလည်း ထို ကျီးကန်းညီအစ်ကိုကို မနက်ဖြန် ဖြတ် ပေးမယ် လို့ကတိ ပေးလိုက်လေ သည်။

မနက်မိုးလင်းတော့ ကျီးကန်းညီအစ်ကို ကျွဲကြီးရှိတဲ့ တော ရပ်ကို ရောက်လာလေ သည်။ ထို အခါ ကျွဲကြီး ၏ အလွန်တရာပင် ချစ်မြတ်နိုးရသော ဦးဂျိုနှစ်ဖတ်စလုံးမရှိတော့ တာကို တွေ့လိုက်သောအခါ ကျွဲကြီးကိုမေးလေ၏။

အို....အဆွေ ကျွဲကြီး သင် အလွန်တရာပင် နာကျင်ရပါသကော ... ဟု မေးလေ ရာ

ကျွဲကြီးက ငါ ဒီလောက် အလွန်တရာ နာကျင်လွန်တာ ဒီတစ်သက်မှာ ဒီတစ်ခါပဲ ခံစားဖူးရပါသည် အဆွေ ကျီးကန်း.... ဟုတ်ပြော လေ သည်။

ထို အခါ ကျီးကန်းက သိပ်မကြာခင် သင် အလွန်တရာနာကျင်တဲ့ အနာတွေ ပျောက်သွားမှာပါ.....ဟုတ် ကျွဲကြီးကို ပြောပြီး ပျံသွားလေ၏။

၇ လကြာသော်..... ကျီးကန်းသည် ကျွဲကြီးရှိရာတောကြီးသို့ တဖန် လာတွေ့လေတော့သည်။
ထိုအခါ ကျွဲကြီးကို တွေပြီး မေးပြန်ပါသည်။ အို... အဆွေ ကျွဲကြီး သင်၏ အလွန်နာကြင်လွန်းလှတဲ့ ဒဏ်ရာတွေ သက်သာပြီလား .....

ကျွဲကြီးက သက်သာပါပြီ အဆွေကျီကန်း......

ထိုအခါ ကျီးကန်းက ကျွဲကြီးကို ပြောလေသည်။

ဒီလိုပါပဲ အဆွေ ကျွဲကြီး
တစ်ခါတလေ ဘဝ မှာ အရမ်းအမြတ်တနိုးနဲ့
တန်ဖိုးထားတဲ့ အရာတွေဟာ
ကိုယ့်ကို အရမ်းနာကြင်လွန်းတဲ့ ဒဏ်ရာတွေ ပေးတတ်ကြပါတယ်။
တကယ်တမ်း သူတို့မရှိရင် တောင် ငါတို့ဘဝ သာသာယာယာ ပဲ အဆွေ .......

ဒီစာပိုဒ်ရဲ့ အဓိပ္ပါယ်ကတော့ ...
ကိုယ်အလွန်တရာ ချစ်မြတ်နိုးတဲ့ အရာကပဲ ကိုယ့်ကို အလွန်တရာနာကြည်းလွန်းတဲ့ ဒဏ်ရာတွေ ပေးတတ်ကြတယ်လို့ အဓိပ္ပါယ်ရပါတယ် ခင်ဗျား။

အမှန်တကယ်ကျတော့ သူတို့မရှိရင် သူတို့ကို မေ့ဖျောက်လိုက်ရင်တောင် ကိုယ့်ဘဝ သာသာယာယာပါပဲ။

ခရစ်ဒက်စ်

You May Also Like

0 comments