ကြီးရင် သေတတ်တယ်

by - December 10, 2019


တနေ့ မှာပေါ့ ။
ကိုရင်းလေး တပါးကို ကိုရင်ကြီး တပါးက စလိုက်လို့
ကိုရင်လေးက ငိုပြီး ကျောင်းထိုင် ဆရာတော်ကို သွားတိုင်တယ် ။
ဆရာတော်က ကိုရင်လေး ကိုနှစ်သိမ့် ပေးတယ် ။

" ကိုရင်လေး မငိုနဲ့ ... အဲ့ဒီ ကိုရင်ကြီးက အသက်ကြီးရင် သေမှာ ၊
ဘာမှ သွားလုပ်စရာ မလိုဘူး .. တိတ်တိတ် "
လို့ ပြောလိုက်တော့ ကိုရင်လေးက ကျေနပ်သွား သတဲ့ ။

အသက်ကြီးရင် သေရတယ် ဆိုတဲ့ သဘာဝ တရားကို နားမလည်သေးတော့ ကိုရင်လေးက ကျေနပ်သွားတာပေါ့ ။

ဆိုင်မဆိုင်တော့ မသိဘူး ။
ကြီးရင် သေတတ်တယ် ဆိုတဲ့ သဘောတရားနဲ့ ဆက်စပ်ပြီး တွေးမိသေးတယ် ။
လူတွေမှာ တခုခု ကြီးလာရင် တခုခုက သေတတ်တယ် ဆိုတာ ကိုပါ ။

ဥပမာ
စိုးရိမ်စိတ်တွေ ကြီးလာရင်
ပျော်ရွှင်မှုတွေ သေဆုံးတတ်တယ် ။

သံသယတွေ ကြီးလာရင်
ယုံကြည်မှုတွေ သေဆုံးတတ်တယ် ။

ပြိုင်ဆိုင်မှုတွေ ကြီးလာရင်
ငြိမ်းချမ်းမှုတွေ သေဆုံးတတ်တယ် ။

မညီမျှမှုတွေ ကြီးလာရင်
လေးစားမှုတွေ သေဆုံးတတ်တယ် ။

အတ္တစိတ်တွေ ကြီးလာရင်
ရိုသားခြင်းတွေ သေဆုံးတတ်တယ် ။

အပျင်းတွေ ကြီးလာရင်
အခွင့်လမ်းတွေ သေဆုံးတတ်တယ် ။

ငပြည့်

You May Also Like

0 comments