သူငယ်ချင်းကောင်း

by - December 04, 2019


ဆေးရုံ တစ်ခုတွင် သတိ ရလာတဲ့ လူနာက

ဘေးမှာ စောင့်နေတဲ့ သူငယ်ချင်းကို ပြောတယ်

" သူငယ်ချင်း

ငါ ငါ ဘယ်ကို ရောက်နေ တာလဲ ? "

ဤအခါ သူငယ်ချင်း ဖြစ်သူက

" မင်း ဆေးရုံ ရောက်နေတာ လေ "

" ဟင် ... ငါ ငါက ဘယ်လို လုပ်ပြီး ဆေးရုံရောက်ရတာလဲ ?"

" ဘယ်လို ဖြစ်ရမှာ လဲကွ

မင်း မမှတ်မိ တော့ဘူးလား

ညက ငါတို့ နှစ်ယောက် အတော် မူးအောင် သောက်ခဲ့ကြ တယ်လေ "

" အေး အေးလေ

အဲ့ဒါနုဲ့ ဆေးရုံကို ဘယ်လို "

" ဪ မင်းကလည်း

ကွကိုယ် လုပ်ပြီး မေ့နေ ပြန်ပြီ

ညက မင်း အရမ်း မူးပြီး ပြတင်းပေါက်ပေါ် တက် တယ်လေ "

" ဟင် ဟုတ်လား "

" ဟုတ်တယ်လေ

ပြီးတော့ မင်းက ငါ့ကို ပြောတယ်

' ဟျောင့် ကြည့်လိုက် ... ငါ စူပါမင်း လို ပျံပြမယ် ' ဆိုပြီး ခုန်ချ သွားတာ "

" ဟာ သေပြီပေါ့ ဟ "

" အေးလေ ..အာ့ကြောင့် မင်း ခုလို ဆေးရုံ ရောက်လာတာပေါ့ "

သူငယ်ချင်း ဖြစ်သူ၏ စကားကြောင့်

လူနာက စိတ်တိုသွားပြီး

" ဟာကွာ ..... မင်း မြင်ရဲ့သားနဲ့... ဘာလို့ မတားတာလဲ ဟ "

ထိုအခါ

သူငယ်ချင်းဖြစ်သူ ပြန်ပြောလိုက် တာက

" သိဘူးလေကွာ

ငါလည်း အဲ့အချိန် တုန်းက မင်း တကယ် ပျံနိုင်မယ် ထင်လို့ နောက်ကနေ တောင် တွန်းပေးလိုက် သေးတယ် "

" တိန် "

😁😁😁

လူချွန်တော်

You May Also Like

0 comments