အားကျမခံ

by - December 26, 2019


(1) အားကျမခံ

နယ်ကနေ
ရန်ကုန်မှာ တက္ကသိုလ် လာတက်တဲ့
အညာသားလေး ဂွတို ဟာ
မြို့မှာ တက္ကသိုလ် တက်ရင်း
မြို့သူ ကောင်မလေး တသိုက်နဲ့ သိကျွမ်း သွားပါတယ်

ဒါနဲ့
မြို့က ကောင်မလေးတွေက
သူ့တို့ နာမည်တွေကို မိတ်ဆက်ပေး တာပေါ့

" ကျမနာမည်က ဧပရယ်ခင် ပါ "

" ဟုတ်ကဲ့ ခင်ဗျ "

" တို့နာမည်က " ဝါဆိုမိုးဦး "

" ဪ ဟုတ်ကဲ့ "

" ကျမက ' ဂျူ လိုင်မိုး ' "

" ဟုတ်ကဲ့ "

" မီးနာမည် ကတော့ တန်ခူးမေ ပါ "

" ဟုတ်ကဲ့ ဗျ "

" ဒါနဲ့ ... ရှင့်နာမည်ကကော "

ထိုအခါ
ဂွတို လည်း အားကျမခံ သူ့နာမည်ကို
ဒီလို ပြောလိုက်ပါတော့တယ်

" ဟုတ်ကဲ့ ... ကျတော့်နာမည်က " တော်သလင်း ဂွတို " ပါ ခင်ဗျ "

" အမ် "

😁😁😁😁😁
လူချွန်တော်

(2) တော်လိုက်တဲ့ ကလေး

စာမေးပွဲခန်း အတွင်း
သူငယ်တန်း ကလေးများ အင်္ဂလိပ်စာ ဖြေဆို နေကြသည်

ထိုစဉ်
ချွန်ရဲလင်း၏ နောက်ခုံတွင် ထိုင်သော အောင်ခန့်သော်က ချွန်ရဲလင်း၏ ကျောကို ခဲတံနှင့် တို့၍

" ဟျောင့် ငချွန် - ကြောင် ကို ဘယ်လို ပေါင်းလဲ ? "

ဤအခါ
ချွန်ရဲလင်းက
နောက်ဖက်သို့ အသာလှည့်၍
လေသံတိုးတိုးဖြင့်

" p u s i - ပူစီ လေကွာ"

" ဪ အေးအေး ... ကျေးဇူးပဲ "

တအောင့်ကြာတော့
အောင်ခန့်သော်က နောက်ကနေ ခဲတံဖြင့် တို့ ပြန်သည်

" ဟျောင့် ... ခွေး ကိုကော ဘယ်လို ပေါင်းလဲ ? "

" ဟာကွာ မင်းကလည်း ဒါတောင် မသိဘူးလား
p a p i  ပါပီ လေကွာ "

" ဪ အေးအေး ဟုတ်သား မေ့သွားလို့ကွ"

ခဏ ကြာတော့
နောက်ကနေ တို့ လာ ပြန်သည်
ချွန်ရဲလင်းလည်း စိတ်တိုလာသည်
သူ့မှာ စာမရလို့ ဝလုံး ရေးပြီး လက်ရေးလှ ကျင့်နေသည် ဆိုမှ
နောက်ကနေ လာလာ မေးနေသည်

" ဟျောင့် -- ငါး ကိုကော ဘယ်လို ပေါင်းလဲ ?"

ချွန်ရဲလင်းလည်း စိတ်မရှည်စွာဖြင့်

" ငါ့ အမေ ကတော့ ပေါင်းအိုးနဲ့ ပေါင်းတာပဲကွ "

" အမ် "

😁😁😁😁😁
လူချွန်တော်

You May Also Like

0 comments