စိတ်ပူတတ်တဲ့ ချစ်သူလေး


တီ .... တီ.....

" ဟဲလို ... မောင် "

" ဟဲလို ..... သဲပြောလေ "

" သဲ ..... မောင့်ကို မှာစရာ ရှိလို့ပါမောင် "

" အင်း ... ဘာမှာ မို့လဲ သဲ ... မှာလေ "

" မောင်..ဒီနေ့လေ သဲ ကွမ်လုံရက် (၄၀) နဲ့ပြည်ထောင်စုသစ္စာကား ကြည့်တာ..
အာ့ မောင့်ကို စိတ်ပူလို့ ငိုလိုက်ရတာ ဆိုတာ "

သိလိုက်ပီ ဒီငတိမ ရုပ်ရှင်တေကြည့်ပြီး feel နေပြီ ဆိုတာ

" မောင်အခု ရှေ့တန်းမှာ မလား "

" အင်း .. လေ "

" အာ့ သဲမှာမို့မောင်ရဲ့ "

အော် ငါ့ စိတ်ပူရှာသားဟ ..

" မောင် ရှေ့တန်းမှာ ရန်သူတွေနဲ့ တိုက်ရင်လေ
လူအရေအတွက်ချင်း မမျှရင် မတိုက်နဲ့ သိလား
လူသွားခေါ်မယ်လို့ ပြောပြီး ပြန်လာခဲ့ "

" ငင့် ... အာ့လို ခေါ်လို့ ရလို့လား "

" ဟာ .. မောင်ကလည်း ကွမ်လုံ ရက် (၄၀) ထဲမှာ မမျှ ပဲ တိုက်လို့ ရှုံးတာလေ
အာ့ကြောင့် မမျှရင် မတိုက်နဲ့လို့ လူပြန်ခေါ်လို့ ပြောတာ "

" အော်...အေးပါကွာ
လူမမျှရင် မောင် ခနနေဦး ဆိုပြီး
လူပြန်ခေါ်လိုက်မယ် .. ဟုတ်ပီလား "

" အင်း "

" ပြီးရင် မောင် တိုက်ရင်လည်း ကျင်းထဲကနေ ပစ်နော် လုံးဝ မတ်တပ် မရပ်နဲ့ "

" ငင့် အာ့ဆို မောင်က ဟို ဘက်ကို ဘယ်လို ပစ်ရမှာလဲ "

" ဟာ ... မောင်ကလည်း သေနတ်ကို မြောက်ပြီး ပစ်ပေါ့ "

" အော် အေး
အာ့လို ပစ်လို့ ရသားပဲနော့ "

" ပြီးတော့ ပစ်ရင်လည်း အပေါ်ကို ထောင်မပစ်နဲ့
ခေါင်းပေါ် ကျည်ဆံ ပြန်ကျမှာ စိုးလို့ "

" ငှယ် .. ကျည်ဆံက အာ့လို ပြန်ကျလာ ရအောင် ခဲလုံးမှ မဟုတ်တာကို "

" ဟာ မောင်ကလည်း မတော်တဆ ဆိုတာ ပြောလို့မှ မရတာ "

" အော် ... အေးလေနော့ စိတ်ချပါ မပစ်ဘူး "

" ပြီးရင် တောထဲမှာ ထိုင်မယ် ဆိုလည်း မြေကြီးကို သေနတ် အမြီးနဲ့
ဟိုစမ်း ဒီစမ်းလုပ်ပြီးမှ ထိုင်နော်
မိုင်းတွေ ဘာတွေ ထောင်မှ ာစိုးလို့ "

" ငင့် .... သေနတ် အမြီး တဲ့
မောင်သေနတ်တွေအများကြီး တွေ့ဖူးတယ်
ဒါပေမယ့် အမြီးတွေ အတောင်တွေ ပါတဲ့ သေနတ်တော့ မတွေ့ဖူးဘူး သဲရဲ့ "

" အာ .... အမြီး ဆိုတာ သေနတ်ဖင် ကို ပြောတာ ....
အာ့ကို ဘယ်လိုခေါ်ပါလိမ့်.....
ကျွတ်စ် ...
နေပါဦး ဘယ်လိုခေါ်ပါလိမ့် ... "

" ဒင် .. လား "

" အဲ .. ဟုတ်တယ် ဒင် ဒင်
သေနတ်ဒင်နဲ့ စမ်းပြီးမှ ထိုင်နော်
သိပ်မသေချာရင် မြေကြီးကို သေနတ်နဲ့ လေးငါး ဆယ်ချက်လောက် ရမ်း ပစ်လိုက် "

" ငှယ် အနားမှာ ကွဲရင် ဘယ်လိုလုပ်မလဲ "

" ဟာ .. မောင်ကလည်း
အနီးအနား ကွဲတာ တော်သေးတာပေါ့
ဖင်ထိုင်မှ ကွဲရင် မတွေးရဲ စရာကြီး "

" အေ့လေနော့ မောင် ဖင်ကွဲသွားမှာ
ဟုတ်တယ် သေနတ်နဲ့ပစ်ပြီးမှထိုင်မယ် "

" မောင်ပြီးရင် ဒါဏ်ရာ ရ ရင် ထွက်ပြေးနော်
ငါ့ကို ထားခဲ့ကွာ ဆိုပြီး ကိုယ့်ကိုယ်ကို သတ်မသေနဲ့ "

" ငှယ် ဖွဟဲ့ ... နမိတ်မရှိ နမာ မရှိ "

" ဟုတ်တယ် ကွမ်လုံ ရက် (၄၀) ကားထဲမှာ အာ့လို လုပ်လို့ မောင်မလုပ်နဲ့နော် "

" အော် အေးပါကွာ စိတ်ချ မရ ရအောင် ပြေးမယ်နော် "

" မောင်အဓိက ကတော့ ဝေဠုကျော် မလုပ်နဲ့ "

" ငင့် ပရဟိတ လုပ်တာ ပြောတာလားဟင် "

" ဟုတ်ဘူးလေ ပြည်ထောင်စုသစ္စာ ဇာတ်ကားထဲက ဝေဠုကျော်လို ရည်းစားတွေ လျောက်မထားနဲ့ တရွာတကျီ မဆောက်နဲ့ လို့ ပြောချင်တာ "

" ဟာ ... သဲရယ် ကိုဝေဠုကျော် ကြားလို့ တရားတွေ ဘာတွေ စွဲခံနေရအုံးမယ်
စိတ်ချ မောင် ဖွန်မကြောင်ဘူး ဟုတ်ပြီလား "

" အင်းပါ ...
သဲ မှာချင်တာတော့ ဒီလောက်ပဲ
ပြီးရင် ဘုရားမှာ မောင့် အတွက် ဆုတောင်းပေးနေမယ်နော် "

" အင်းပါ င့ါ သဲ က ဒါမျိုးကျ ချစ်ဖို့ ကောင်းနေပြန်ရော "

" မောင်သေရင် ကောင်းရာမွန်ရာ ရောက်အောင်လို့ပါ "

" ငင့် ...... "

😁😁😁
ခရစ်ဒက်စ်

Comments