ထလိုက်စမ်းပါ

by - November 24, 2019


စိတ်ရောဂါ အထူးကု ဆေးရုံတွင်
ရောဂါသည်များ ဆူညံ နေသော အခန်းထဲသို့
ဆရာဝန် တယောက် ဝင်လာသည် ။
ဆရာဝန်က အရူးများကို စမ်းသပ်လို သဖြင့်

" ဟောဒီ အခန်းထဲက
ကိုယ့်ကိုယ်ကို ရူးနေတယ် ထင်တဲ့ သူတွေ မတ်တပ် ရပ်ကြည့်စမ်း "

အရူးများ ကြောင်သွားသည်
တခန်းလုံးလည်း တိတ်ဆိတ် နေသည်
မည်သည့် အရူးမှ ထမရပ်

ဆရာဝန်က ...

" လုပ်စမ်းပါ ထလိုက်စမ်းပါ
ဘာလဲ သောက်ရူးလို့ ဝန်မခံရဲ ဘူးလား
ထရပ်လိုက် စမ်းပါ "

အရူးများ အသံမထွက်ကြ
ဆရာဝန်က...

" တစ် က နေ သုံး အထိ ရေမယ်
ထ မရပ် ရင် အကုန် ထမင်းတနပ် မကျွေးဘူး "

ထို့စဉ် အရူး တယောက် ထရပ်သည်

" မင်းက ရူးနေလို့ ထ ရပ်တယ်ပေါ့
ဟင်းဟင်း "

" မဟုတ်ပါဘူး ဆရာ "

" ဟင် ... အာ့ဆို ဘာလို့ မတ်တပ် ထရပ်တုန်း "

" အခန်းထဲမှာ ဆရာ တယောက်ထဲ မတ်တတ်ရပ် နေတာ အားနာလို့ "

" တိန် "

😂😂😂

You May Also Like

0 comments