သူမနဲ့ ကျနော်


သူမသည် လှသည် ၊ ကိတ်သည် ၊
ခေတ်ဆန်ဆန် နေတတ်သော်လည်း မဟော့ရမ်း
ဆံနွယ်လေး တွေက မဲနက်မှောင်
ပါးနှစ်ဖက် ပါးချိုင့် တခုစီ
.....

မှတ်မိသေးသည် သွားတတ်ကလေးတွေ
သူမ ရယ်လိုက်လျှင် ကျနော့်မှာ အသက်ရှူဖို့ပင် သတိမရတော့ ...
.
.
.
.
.
ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး သူဟာ ကျန်နော်ပဲ လို့ မှတ်ယူထားသည်

ဘာ့ကြောင့်လဲ ဆိုတော့ ...

ထိုသွားတတ်ကလေးတွေ နဲ့ သူမကို
ကျနော် ပိုင်ဆိုင်ခဲ့သည်
ထိုသွားတတ်ကလေး တွေ နမ်းခဲ့တာ မရေတွက်နိုင်တော့....

မနက်ခင်းတိုင်း သူမ နဲ့ အတူ နိုးထသည်
အိမ်ပြန်ချိန် ၊ နေဝင်ချိန် တိုင်းလည်း အတူ ရှိသည် ။
ကျနော် အောင်မြင်ချိန် ဘေးမှာ သူမ ရှိသည်
ကျနော် ကျရှုံးချိန်တွေ မှာလည်း သူမ အပြုံးတွေနှင့် အားပေးခဲ့သည်

မွေ့နေ့တိုင်းမှာ လည်း မရိုးနိုင်အောင် သူမကျနော့်ကို surprise လုပ်ပေးခဲ့သည်

မရိုးနိုင်သော ချစ်ခြင်းများဖြင့်
ကျနော်တို့ ၂ ယောက်ထဲ ကမ္ဘာ လေးဟာ အရမ်း ပြီးပြည့်စုံ နေသည် ... ။

ထိုအချိန် ...
.
.
.
.
.
.
.
.
.
.
.
.
.
.
" ဗျို့ လူပျိုကြီး ဆိုက်ကား အားလား "

" ငင့် "

ကျနော့်ရဲ့ စိတ်ကူးလေးများ လွင့်ပျယ်သွားသည် ။
ခရီးသည်ကို မြို့ထဲ လိုက်ပို့ရ ဦးမည်။
အချိန်တန်ရင် ဘိုက်က တဂွီဂွီ မြည်ဦးမှာလေ ..... ။

😁😁😁
K@

Comments