ဆရာမလေးကို ရည်းစားစကား ပြောသောအခါ

by - November 18, 2019


" ဒီမှာ...
ရှင် မယောင်မလည်နဲ့ ဒီကျောင်းနားမှာ ဝေ့လည်ဝေ့လည် လုပ်နေတာ ကြာပြီ ။
ကျောင်းထဲက ပစ္စည်း ဘာ အလစ်သုတ် မလို့လဲ "

" ဟာ ! … မ  … မဟုတ်ပါဘူး ဆရာမ "

" ကျော်က ကျောင်းထဲက ပစ္စည်း စိတ်မဝင်စားဘူး "

" ရှင် "

" အာ့ဆို ရှင်က ဘာကို စိတ်ဝင်စားတာလဲ "

" ဆရာမကို "

" ဘာ ..... ကျမကို .... ဟုတ်လား "

" ဟာ ! ဆရာမ စိတ်မဆိုးနဲ့နော် ...
ကျော် တောင်းပန်ပါတယ် "

" ရှင်က လက်ထပ်ဖို့ ရည်ရွယ်ထားသလား "

" ခင်ဗျ ... ဟို … ဟို အဲ လောက်တော့ ကျော် မစဉ်းစားရသေးဘူး "

" ဒီမှာ ကျမတို့ ပညာရေးဌာနမှာ အစမ်းခန့် ဆိုတာ မရှိဘူး "

" ခန့်မယ်ဆို တခါထဲ ခန့်တယ် "

" အဲဒီတော့ ဆရာမကို ရည်းစားထားချင်ရင် စမ်းသပ်ကာလ ဆိုတာ မရှိဘူး "

" လက်ထပ်ဖို့ သေချာမှ ရည်းစားစကား ပြော … ဟုတ်ပီလား "

" ဟုတ်ကဲ့ ဒါဆို ……… "

" နေပါအုန်း စကားပြောလို့ မပြီးသေးဘူး ရှင့် …
ဆရာမကို လက်ထပ်မယ် ဆိုရင် ဒါတွေပါ စဉ်းစား "

" ဟုတ်ကဲ့ ပြောပါ ခင်ဗျ ာ"

" ကျမတို့က ၅ နှစ် တကြိမ် မဲရုံမှုုး လုပ်ရတယ် "

" ပြည်ထောင်စုနေ့ "

" လွတ်လပ်ရေးနေ့ "

" အာဇာနည်နေ့ "

" ဒီဇင်ဘာ အားကစားလ လမ်းလျှောက်ပွဲ မနက် ၄ နာရီ ထပြီး လိုက်ပို့ရမယ် "

" မဲရုံမှာ ညဉ့်နက်နေရင် ညအိပ် စောင့်ပေးရမယ်
စနေ ၊ တနင်္ဂနွေ ပိတ်ရက် ဆိုတာ ရှိတော့ ရှိတယ် "

" လိုအပ်ရင် စနေဖြစ်ဖြစ် တနင်္ဂနွေ ဖြစ်ဖြစ် ကျောင်းတက်ရတယ်
စနေ ၊ တနင်္ဂနွေရယ်လို့ အတူနေရမယ် မထင်နဲ့ "

" ကျောင်းပြင်ပ ပညာရေး အတွက် ရပ်ကွက်ထဲမှာ တအိမ်တက် ဆင်း ကျောင်းသား စာရင်း လိုက်ကောက်တဲ့အခါ လိုအပ်တဲ့အခါ ရှင် လိုက်သင့်ရင် လိုက်ရမယ်"

" အမူးသမားတွေ အိမ်မှာ စာရင်းကောက်တဲ့အခါ အရစ်ခံရတာ များတယ် "

" ရှင် ကွန်ပျူတာ စာစီစာရိုက်ကော ရလား …
မေးခွန်းနဲ့ အမှတ်ပေး စည်းမျဉ်း က အလှည့်ကျ ရေးရတာ
အပြင်မှာ မပေါက်ကြားအောင် အိမ်မှာပဲ စာစီရတာ …
ကွန်ပျူတာ ကျွမ်းအောင် လုပ်ထားပါ "

" နောက်ပြီး လစဉ် ဖြေတဲ့ ရမှတ်တွေ
ခုနှစ်ကြိမ်ပေါင်း ခုနှစ်နဲ့စား ပျမ်းမျှရှာ …

အပေါင်းအနှုတ် အမြှောက်အစား ရှင်ကျွမ်းကျင်ရဲ့လား …
လိုအပ်ရင် ရှင် ကူလုပ်ရမယ် "

" ထမင်းဟင်း ကတော့ အမြဲတမ်း စိုစိုပြေပြေရှိမှာ မဟုတ်ဘူး …
လိုအပ်ရင် ကိုယ်တိုင် ဝင်ချက်ရမယ် "

" အဝတ်အစား လျှော်ဖွပ်တာ မီးပူတိုက်တာ ကျွမ်းကျင်ရဲ့လား …
မယားက လုပ်ပေးလိမ့်မယ်လို့ မမျှော်လင့်နဲ့ "

" နောက်ဆုံး တခုက ဆရာမတွေဟာ ကျောင်းမှာ ပြန်ပြောခွင့် မရသ၍
အိမ်ကျရင် ပေါက်ကွဲလိမ့်မယ်
ဒါလေးတွေပါ ထည့်စဉ်းစားပါ "

" ဂျာ "

" ကျော် ဒီကျောင်းရှေ့ကို နောက် မလာတော့ ပါဘူးဂျာ"

" ကျော် လူပျိုကြီးပဲ လုပ်ပါတော့မယ် "

(ရယ်စရာ မောစရာ အဖြစ်သာ)
ချစ်မိတ်ဆွေ အားလုံး ပျော်ရွှင်ပါစေနော်။

ခရစ္ဒက္

You May Also Like

0 comments