ယဉ်ကျေးပျူငှာ ထမင်းဆိုင်

by - November 19, 2019


မနေ့က
အလုပ်ကိစ္စနဲ့ မှော်ဘီ ကို အသွား
လမ်းမှာ ဗိုက်ဆာတာနဲ့ ထမင်းဆိုင် တဆိုင်ကို ဝင်ထိုင်လိုက်သည်
ထိုင်ခုံတွင် အတန်ကြာ ထိုင်ပြီးသည့်တိုင်
စားပွဲထိုး တဦးမှ လာမမေး သဖြင့်
ဟိုယောင်ယောင် ဒီယောင်ယောင် လုပ်နေသော စားပွဲထိုးများကို စုပ်သပ်၍ ခေါ်လိုက်သည်

" ပြွတ် ပြွတ် "

မည်သူမှ လှည့်မကြည့်

" ဟေ့ ... ပြွတ် ပြွတ် ပြွတ် "

စားပွဲထိုးများက ဂရုတောင် မစိုက်

ကျတော် စိတ်တိုလာသည်
ထို့ကြောင့် အသံကုန် ခြစ်၍ အော်လိုက်သည်

" ဟျောင့်ဒွေ ... ဒီမှာ ခေါ်နေတယ်လေကွာ "

စားပွဲထိုး တယောက်က လှည့်ကြည့်ပြီး
မသိချင်ယောင် ဆောင်နေသည်

" ဟာ "

နောက်ဆုံး သီးမခံနိုင် တော့သည့် အတွက်
ကောင်တာတွင် ထိုင်နေသော လူဆီသို့ သွားကာ

" ဒီမှာ .. ခင်ဗျားက ဆိုင်ရှင်လား "

" ဟုတ်ပါတယ် .. ဘာကိစ္စလို့လဲ ? "

" ခင်ဗျားဆိုင်က စားပွဲထိုးတွေက ဘယ်လိုလဲ ..
ထမင်းစားဖို့ ဒီလောက် အော်ခေါ်နေတာကို တယောက်မှ ရောက်မလာကြဘူး
ခင်ဗျား ကြည့်ပြောအုံး "

" ဟုတ်လား ကျတော် ဆုံးမ လိုက်ပါ့မယ် ဘော်ဒါ နေရာမှာ သွားထိုင်ပါ "

" ok "

ဆိုင်ရှင်က စားပွဲထိုးများကို ခေါ်လိုက်ကာ

" ဟျောင့်တွေ မင်းတို့ ဘာလုပ်နေကြတာလဲ
ဟိုမှာ ထမင်းစားမယ့်သူက ခေါ်နေတာကို မကြားကြဘူးလား "

စားပွဲထိုးများက

" မကြားလို့ပါ ဆရာ "

" ဘာ! မကြားလို့ ဟုတ်လား "

" ဖောင်း ဖောင်း "

ဆိုင်ရှင်က လက်စပြင်းပြင်းဖြင့်
စားပွဲထိုးများကို နရင်း အုပ်လိုက်ပြီး

" ဒီလောက် ဟိုလူက ခွေးလို နွားလို အော်ခေါ်နေတာကို .. "

" ငင် "

" မင်းတို့က မကြားရအောင် .. ဟိုလူ အသံက မယားငယ် တုံးညပ်တဲ့ အသံ ဖြစ်နေလို့လား "

" အယ်လည်လည် "

" မနှဲလေး အစိ ကင်းကိုက်တဲ့ အသံ ဖြစ်နေလို့လား "

" ဟာဂျာ "

" ကျတော် ကျတော်တို့ နောက်မဖြစ်စေရ ပါဘူး "

" အေး နောက်မဖြစ်စေရဘူး ဆို ထမင်းဟင်း မြန်မြန် သွားချ
ဟိုမှာ စားမယ့်သူက ဗိုက်ဆာလို့ သေတော့မယ့် စောက်ခွက် ဖြစ်နေပြီ "

" အွန် "

" ငိုးမသားလေးတွေ မင်းတို့ လုပ်ပုံမျိုးနဲ့ နောင်ကို ဒီဆိုင် ဘယ်ခွေးမှ လာစားမှ မဟုတ်တော့ဘူး "

" ဂါးးး "

ငိုးမဆိုင် ယီးမှ မစားတော့ဘူးကွာ
သူပြောမှ လူကို ခွေးလုံးလုံး ဖြစ်တယ်

ငါနော် ...

😁😁😁
လူချွန်တော်

You May Also Like

0 comments