ရှာပေးပါ


အမှတ် ( ၄ ) ရဲစခန်းတွင် ဖြစ်သည် ။
လူတယောက် မျက်နှာငယ်လေးနှင့် စခန်းမူးဆိုသူကို ပြောသည် ။

" စခန်းမူးကြီးခင်မျာ
ကျနော့ မိန်းမကို ရှာပေးပါ ခင်မျ "

" မင်းမိန်းမက
နံမယ် ဘယ်သူလဲ
ဘယ်ကလဲ
အသားဖြူလား မဲလား
ဆံပင်ရှည်လား
အရပ်က ဘယ်လောက်လဲ "

ထိုလူက

" အရပ်က ၅ ပေ ၄ လောက်
အသားက ဖြူဖြူ
ဆံပင် ရှည်ရှည်
ကိုယ်လုံး တောင့်တောင့် နဲ့
လုလုအောင် တို့ အိချောပိုတို့ လိုပါ စခန်းမူးကြီး ခင်မျ "

စခန်းမူးကြီးက ရေးမှတ် လိုက် ပြီးနောက်

" ဖြေဖို့ ကျန်သေးတယ်
နံမယ် က ဘယ်သူလဲ
ဘယ်မှာ နေတာလဲ "

ထိုအခါ
ထိုလူ ပြောလိုက်ပုံက

" နံမယ်က ဘယ်သူ ဖြစ်ဖြစ်
ဘယ်မှာနေနေပါ ရပါတယ် "

" တိန်
ငလူး fa ကောင်
လာနောက်နေတာလား
အခု ထွက်သွားစမ်း "

ထိုလူ ထွက်ပြေးသွား လေသည် ... ။

😂😂😂
ခရစ္ဒက္စ္ K@

Comments