ပိုက်ဆံလာမချည်းအောင် နေထိုင်နည်း

by - November 21, 2019


ဗေဒင်ဆရာမလေး ထံသို့
လူတယောက် လာမေးသည်

" ဆရာမ
ကျနော်က သူဌေးပါ
ကျနော်နဲ့ သိသမျှ လူတိုင်းက
ကျနော့ဆီက ပိုက်ဆံ လာလာချေး ကြတယ်
ပိုက်ဆံ တောင်းကြတယ်
ပြီးရင် ပြန်မပေး ကြဘူး
အဲ့ဒါ ကြောင့်
နောက်အဲ့လိုလူတွေ လာ လာ မတောင်းရအောင်
အဆောင်လေး ဖွဲ့ပေးပါ "

" ဒါများရှင် လွယ်လွယ်လေးပါ
ရှင့်ဆီက ပိုက်ဆံ တောင်းတဲ့ အခါ
မကြားချင်ယောင် မသိချင်ယောင် ဆောင်ပြီး လှည့်ထွက်သွား လိုက်ပါ
အဲ့ဒါပါပဲ "

" ကျေးဇူးပါ ဆရာမ "

" ဟုတ်ကဲ့
ဉာဏ်ပူဇော်ခ က ၅၀၀၀ ပဲ ပေးပါ"

ထိုအမျိုးသား
မကြားချင်ယောင် ဆောင်၍
လှည့်ထွက်သွား လေသည် ...

ဗေဒင်ဆရာမ အော်နေသည်

" ဒီမှာရှင့် ဒီမှာရှင့်
ပိုက်ဆံ ပေးရဦးမယ် လေ "

ထိုလူ မကြားတော့ပါ

😂😂😂
ခရစ်ဒက်စ် K@

You May Also Like

0 comments