ပြည်သူရဲ ခေါင်းခြောက် သွားစေတဲ့ အမှု

by - November 19, 2019


" Hello ရဲစခန်းကလား ခင်ဗျာ "

" ဟုတ်ပါတယ် ဘာကူညီရမလဲ ခင်ဗျာ "

" ခု ကိုင်နေတာ ရဲလားဗျ "

ရဲအုပ် မြဒင် စိတ်ထဲ နည်းနည်း တင်းသွားသည်

ရဲစခန်းဖုန်းကို ခေါ်ပြီး ခု ကိုင်နေတာ ရဲလား တဲ့
အောက်သက်သက်နဲ့ ပြန်ဖြေမိသည်

" ဟုတ်ပါတယ် "

" ခင်ဗျားက ကိုလှရွှေလား "

" မဟုတ်ဘူးဗျ "

" ဒါဖြင့် ကိုလှရွှေ ဘယ်သွားတုန်း "

" မသိဘူးလေဗျာ "

" ဒါဖြင့် ခင်ဗျားတို့ စခန်းမှာ ကိုလှရွှေတော့ ရှိတယ်ပေါ့ "

ကိုမြဒင် တင်းလေပြီ
တဖက်လူ ကတော့ တည်တည် ငြိမ်ငြိမ်ဖြင့်သာ

" အာ ... ခင်ဗျား ဘယ်လို လူတုန်း
ဘာကိစ္စ ဆက်တာတုန်း
ကိုလှရွှေ မရှိဘူး ကျုပ်ပဲ ရှိတယ် ကျုပ်ကိုပြော "

" ဒါဖြင့် ကိုလှရွှေ မအားဘူး ဆိုတဲ့ သဘောပေါ့ "

" ဒီမှာကိုယ့်လူ ဒီစခန်းမှာ ကိုလှရွှေ ဆိုတဲ့ ရဲ မရှိဘူး
ခင်ဗျားကို ဝတ္တရား နှောက်ယှက်မှုနဲ့ ဖမ်းလို့ ရတယ် သိလား "

" ခင်ဗျားတို့ ပြောတော့ ကူညီပါရစေ ဆို "

" အေ့လေ အမှုကိစ္စနဲ့ ပတ်သတ်ရင် ဆက်လေဗျာ ... ခုလို လိုက်နှောက်ယှက်ဖို့ မဟုတ်ဘူး "

" ကျုပ်ဆက်တာလဲ အမှုကိစ္စ ပဲလေ "

" ဒါဆိုလဲ ပြောဗျာ
ဘယ်နေရာမှာ ဘာဖြစ်လို့လဲ "

" ဟင့်အင်း ကိုလှရွှေကိုပဲ ပြောမယ်
သူ့ကို ဖုန်းပေးလိုက် "

ဟာ ... ဒီလူတော့ များပြီ

" ဟေ့လူ ကိုလှရွှေ မရှိဘူး
ကျုပ်ပဲ ရှိတယ်လို့ ဘယ်နှစ်ခါ ပြောရမလဲ "

" ခင်ဗျား ပြည်သူ့ဝန်ထမ်း လုပ်ပြီး ပြည်သူကို စိတ်မရှည်ဘူး "

" ကဲ ဟုတ်ပြီဗျာ ခင်ဗျားက ဘာလို့ ကိုလှရွှေနဲ့မှ ပြောချင်ရတာလဲ "

" အဲ့ဒိလူက လူတော်ဗျ ...
လူဆိုး ဖမ်းတဲ့ နေရာမှာ သိပ် ... တာဝန် ကြေတဲ့သူ "

" ဘယ်က ကိုလှရွှေတုန်း
ဘယ်အမှုကို လိုက်ပြီး နာမည်ကြီးတာ တုန်း "

" ခင်ဗျားဗျာ ညံ့လိုက်တာ
ရဲဖြစ်ပြီး ကိုလှရွှေကိုတောင် မသိဘူးလား "

" ဟုတ်တယ်ဗျာ ညံ့တယ်ဗျာ
ကဲ ပြောတော့ ခင်ဗျားပြောတဲ့ ကိုလှရွှေက ဘယ်သူလဲ "

" ရဲသားကြီးက ကိုလှရွှေ လူဆိုးဖမ်းဖို့ တာဝန် ကျေတဲ့ ...
ခင်ဗျား မကြားဖူးဘူးလား "

" ဟာ ဒီလူတော့
အဲ့ဒါ တစ်တန်းစာထဲက လေဗျာ
အပြင်မှာ တကယ် မရှိဘူး "

" ဒါဆိုရင်တော့ ခင်ဗျားတို့ ရဲတွေ တော်တော် လွန်သွားပြီ
ဒါ ပြည်သူကို ဂျင်းထည့် တာပဲ
ရဲထဲမှာ ကျုပ်တို့ သိတာ ကိုလှရွှေပဲ ရှိတယ်
သိပ်တော်တဲ့ရဲ မို့ ဂုဏ်ပြုပြီး ထည့်ထားတယ် လို့ ကျုပ်တို့က ထင်တာ
ဒါကြောင့် ကျုပ်က ကိုလှရွှေကို မေးတာ "

" ကဲ လူကြီးမင်းရေ
ရဲသားကြီးက ကိုလှရွှေ ဆိုတာ ကျုပ်တို့ ထည့်ထားတာ မဟုတ်ဘူး
သူ့ဘာသာ ကဗျာဆရာက ကာရန် ယူပြီးထည့် ထားတာ "

" ခင်ဗျားတို့ ရဲတွေ ထဲမှာ ဂုဏ်ပြုရမယ့် လူ အဲ့ဒိလောက် ရှားလား
မရှိတဲ့လူ နာမည် ကိုများ ထည့်ရတယ်လို့ "

" ဒါတော့ ကာရန် ယူတာလေဗျာ
ရဲသားကြီးက ကိုလှရွှေ လူဆိုးဖမ်းဖို့ တာဝန်ကျေ
ကဲ ကာရန် မကိုက်ဘူးလား "

" ခင်ဗျားနာမည် ဘယ်သူလဲ "

" ရဲအုပ်မြဒင် "

" ရဲသားကြီးက ကိုမြဒင် ... လူဆိုးဖမ်းရာ သူကျွမ်းကျင်
ကဲ မရဘူးလား "

" အေးဗျာ ကျုပ် အရှုံးပေး ပါပြီ
အမှုကိစ္စပဲ ပြောပါတော့ဗျာ "

" ခင်ဗျားကို နိုင်အောင် ပြောနေတယ်လို့ ထင်တာလား "

" မထင်ပါဘူးဗျာ
အမှုကိစ္စပဲ ပြောပါတော့ဗျာ "

" ကိုလှရွှေ မရှိတာတော့ သေချာပါတယ်နော် "

ငိုသံပင် ပေါက်နေလေပြီ
" သေချာပါတယ်ဗျာ မရှိပါဘူးဗျာ
ကျုပ်ကိုပဲ ပြောပါတော့ဗျာ "

" အင်းပေါ့လေ လှရွှေ မရှိမှတော့ မြဒင်ပေါ့
ဘာတတ်နိုင်မှာလဲ "

" ပြောဗျာ အမှုကိစ္စ "

"ကလေးတစ်ယောက် ရေတွင်းထဲပြုတ်ကျလို့”

" ဟာ ဘယ်တုန်းကလဲ "

" မနက် ကိုးနာရီ ၂၈ မိနစ်က "

" ဗျာ လိပ်စာ အမြန်ပြော ကျုပ်လာပြီ "

" လိပ်စာက --- ---- --- -- "

" ဟုတ်ပြီ ခုချက်ချင်း ကျုပ်လာပြီ "

ကျနော်လည်း လိပ်စာပါ အိမ်ကို ရဲသား တယောက် ခေါ်ပြီး အမြန်သွားသည်

ကျနော် ရောက်သွားတော့ အိမ်ရှင်များက ထိတ်ထိတ် ပြာပြာဖြင့် ကြည့်သည်
အိမ်ရှင် အမျိုးသမီးက

" ဆရာတို့ ဘာကိစ္စလဲဟင် "

" ကလေး ရေတွင်းထဲ ပြုတ်ကျလို့ ဆို "

" ရှင် ဟုတ်ရဲ့လား ရှင် "

ကိုမြဒင် တယောက် တော်တော် ခေါင်းခြောက် သွားရသည်

" ခင်ဗျားတို့ အိမ်ကလူ ဆက်တာလေ "

ခြံစောင့် ဖြစ်ဟန် တူသူက

" ဟုတ်ပါတယ်
မမလေးရဲ့သား အောင်ဘု ရေတွင်းထဲ ပြုတ်ကျသွားတာ ကျနော့် မျက်စိနဲ့ တပ်အပ် မြင်ပါတယ်
သေချာအောင် ရေတွင်းထဲ ဆင်းကြည့်လိုက် သေးတယ်
သေချာပြီ ဆိုမှ ရဲစခန်းကို ဖုန်းဆက် လိုက်တာပါ
ကျနော် ဘယ်လောက် စေ့စပ်လဲ ဆိုတာ မမလေး သိမှာပါ

ရဲ ထဲမှာတောင် ကိုလှရွှေကို ခေါ်တာ မရလို့
ကိုမြဒင် ကိုပဲ ခေါ်လိုက်ရတာ "

" ကဲ ကိုစေ့စပ်ကြီးရေ ရေတွင်းဆီ သွားမယ် "

ရေတွင်းနား ရောက်တော့ ကလေး ငိုသံကို ကြားရသည်

" သား အောင်ဘုရေ "

" သားရေတွင်းထဲမှာ မေမေ "

တော်သေးတာပေါ့ ရေတွင်းပျက် မဟုတ်လို့
နောက်မို့ဆို oxygen ပြတ်ပြီး သေသွား နိုင်တယ်

ကလေးက အပေါ်ရောက်ရောက်ချင်း
သူ့ အမေကို တိုင်တော့သည်
" အဲ့လူကြီးလေ သားကို လာကြည့်ပြီး မကယ်ဘဲ ပြန်တက် သွားတာ "

ခြံစောင့် ဆိုတဲ့ကောင်ကို ထိုးချင် လိုက်တာမှ လက်တွေ ယားလို့

" ဟဲ့ အေးမောင် "

" ဗျာ မမလေး "

" နင်က ငါ့သားကို ဘာလို့ မကယ်တာလဲ "

" ကျနော့် တာဝန်က ခြံစောင့်လေ ... အစ်မ ကလေးကို ကယ်ဖို့မှ မပါတာ
ဒါတောင် တာဝန်သိ ပြည်သူ အနေနဲ့ ရဲစခန်းကို ဖုန်းခေါ်ပေးခဲ့ သေးတယ် "

ထိုးပြီကွာ ဟု ဆုံးဖြတ်ပြီး ခြံစောင့် အေးမောင်ကို ပယ်ပယ် နယ်နယ် ထိုးပစ်ခဲ့သည် ။
လောကကြီးမှာ အဲ့ဒိ အေးမောင်လို စောက်တလွဲ တိကျချင်တဲ့ ကောင်တွေ ရှိကို ရှိသည် ။

သူ့လိုလူမျိုး သင့်သူငယ်ချင်း ရှိရင် မန်းရှင်း ခေါ်လိုက်ပါ 😁

😁😁😁
ခရစ္ဒက္စ္

You May Also Like

0 comments