KTV က ၁၆ နှစ်အရွယ် ကောင်မလေး ရဲ့ ဖြစ်ရပ်


မန္တလေးမြို့ရှိ  BOF ကေတီဗီ ဆိုင်တွင်
အသက် ၅၀ နည်းပါး ရှိ ဘောစိ လူကြီး တယောက်သည်
အသက် ၁၆ နှစ်သာ ရှိသေးသော ကေတီဗီမယ် အား
ချစ်ရေး ပန်ကာ လက်ထက်ခွင့် တောင်းဆိုသည်

ကောင်မလေးမှာ အကြိမ်ကြိမ် ငြင်းဆိုကာ

" ဦးရယ် မဖြစ်နိုင် ပါဘူး ခု
မီးက ခလေး ရှိသေးတယ် "

ဘောစိ ဦးလေးကြီး လည်း

" မီးကိုသာ ရမယ်ဆို ဘယ်ပုဒ်မ တွေ မဆို ငွေနဲ့ ဖြေရှင်းမည် ဖြစ်ကြောင်း
နွားအို မြက်နု ကြိုက်တာ အစဉ်လာ ဖြစ်ကြောင်း "
ပြောဆိုကာ ဒူးထောက်ကာ လက်ထပ်ခွင့် တောင်းပြန်သည်

ကောင်မလေး ကလည်း
" ငရဲတွေ ကြီးပါ့မယ် ဦးရယ်
မီးက တကယ် ခလေး ရှိပါ သေးတယ် "
ဆိုပြီး အကြိမ်ကြိမ် ငြင်းဆို လေသည် ။

ဘောစိ ဦးလေးကြီး လည်း

" မီးလေး ရှေ့ရေး စဉ်းစား "
ဟု ပြောကာ အချို သတ်ပြီး
နောက်ဆုံးတော့ မီး ဆိုတဲ့ ကောင်မလေး လည်း
ဘောစိ ဦးလေးကို မငြင်းသာ မလှုပ်သာပဲ လက်ထပ်ဖို့ သဘောတူ ခဲ့ရတယ်

ကောင်မလေးလည်း ဦးနဲ့ လက်ထပ်ပြီး ရွာကို ခဏ ဆိုပြီး ပြန်သွားတာပေါ့ ။

ဦးလည်း လွမ်းကာ ကျန်ရစ် ခဲ့သည် ။

နှစ်ရက် သုံးရက် နေတော့ ကောင်မလေးက ဦးဆီကို ပြန်လာတယ် ။
ကောင်မလေးခေါ် မီးရဲ့ ဘယ်ဘက် လက်မှာ
သုံးနှစ် အရွယ် ခလေး တယောက် လက်တွဲကာ ပါလာတယ် ။

အဲ့ဒီမှာ ဘောစိ ဦးလေးကြီးက မေးတာပေါ့ ဘယ်သူလဲ ပေါ့ ။

ကောင်မလေး ဘာ ပြန်ပြောသလဲ ဆိုတော့ ...

ဦးကို မီး ပြောထားတယ် လေ
" မီးက ခလေး ရှိသေးတယ် လို့ ပြောခဲ့တယ်
ဦး မေ့သွား ပြီလား " တဲ့

ဘောစိ ဦးလေးကြီးလည်း အဲ့ဒီ နေရာမှာပဲ ရှော့ဖြစ်ကာ
နန်းတော် ဆေးရုံ ပို့လိုက် ရပါတယ် ဗျာ ...

😁😁😁
လှုပ်လှုပ်ရှားရှား မန္တလေး သတင်းများ

Comments