အပေါက်အလမ်း မတည့်ခြင်း


" ရှင် ဒါလေးတောင် ဝင်အောင် မထည့်တတ်သေး ဘူးလား "

" ဟာ ... မင့်အပေါက်က ကျဉ်းကျဉ်းလေးဟာကို "

" ဘာာာာာ … "

" ထိပ်ကို တံတွေးလေး ဆွတ်
လက်ညှိုးနဲ့ လက်မကြားထည့် ပွတ်
မာတောင့်တောင့်လေး ဖြစ်လာမှ အသာလေး တေ့ပြီး ထည့်လိုက်ရုံ ပဲလေ
ရှင် ဒီလောက်မှ အဖြစ် မရှိဘဲ မိန်းမ ယူရဲသေးလား ? "

" ဘာဆိုင်လို့လဲကွ ! "

" ဆိုင်တာပေါ့ … မလုပ်ချင်လည်း မလုပ်နဲ့
လုပ်မှတော့ စိတ်ပါ လက်ပါ စိတ်ထည့် လုပ်မှပေါ့
အခုတော့ ဘယ် မယားငယ်ဆီ စိတ်ရောက်နေလည်းမှ မသိတာ
အပေါက်အလမ်းကို မတည့်ဘူး
ဟိုချော်ထိုး ဒီချော်ထိုးနဲ့ "

ဘေးခန်းကို ပြောင်းလာတဲ့
ညားကာစ လင်မယားဆီက စကားသံတွေ ကြားပြီး သကာလ
လူသာသေမယ် ဝါသနာ မသေဘူး ဆိုတဲ့
အယွ တသောင်း ဘကြီးဖောင်း တယောက် ...
ငှယ် … ရှလွတ် ပွပဟဲ့ လို့ အကြော တထထနဲ့
ကျားကုတ် ကျားခဲ ဝရံတာ ကျော်ခွ ဖက်တက်ပြီး
ချောင်းကြည့်လိုက်တော့ …

ဟိုက်ရှားဘား !

ပုလင်းဖင်လောက် မျက်မှန်တပ်ထားရတဲ့ ကောင်မလေးက …
သူ့ယောကျ်ားကို အပ်ပေါက်ထဲ အပ်ချည် ထိုးခိုင်းနေတာကိုး ခိ ခိ ခိ

😂😂😂😂😂
ခရစ်ဒက်စ်

Comments