အရှက်ကြီးတဲ့ မိန်းကလေး

by - November 28, 2019


ကောင်လေးနဲ့ ကောင်မလေး fb ကနေ ချစ်သူ ဖြစ်သွားတော့ နှစ်ယောက်သား အပြင်မှာ ချိန်းပြီး တွေ့ကြတယ်...

ပန်းခြံထဲက နှစ်ယောက်ခုံလေးမှာ အတူ ထိုင်ကြရင်း ကောင်လေးက ကောင်မလေးနားကို ကပ်ပြီး ပခုံးလေးကို အသာ လှမ်းဖက်လိုက်တယ်...

ဒီတော့ကောင်မလေးက ကောင်လေးလက်ကို ဆွဲချ လိုက်ပြီး...

" အဲ့လို မလုပ်နဲ့ကွာ..သဲ မကြိုက်ဘူး "

'" သဲကလည်းကွာ ကိုယ့်ကို မချစ်ဘူးလား လို့ "

" ချစ်တော့ ချစ်ပါတယ် ကိုကိုရယ်.. ဒါမဲ့ အဲ့လို မလုပ်နဲ့နော်"

ကောင်မလေးစကားကြောင့် ကောင်လေးလည်း စိတ်အိုက်သွားပြီး လက်ကို ပေါင်ကြားထဲ ပြန် ညှပ်လို့

" အေး အေးပါကွာ..သဲ မကြိုက်ရင် မဖက်တော့ပါဘူး "

" ကိုရယ်.."

ဒီလိုနဲ့ နှစ်ယောက်သား စကားတွေ ပြောကြပြီး ပြန်ဖို့ ထ လိုက်တော့ ကောင်လေးက ကောင်မလေး လက်ကို လှမ်းကိုင်လိုက်တယ် ဆိုရင်ပဲ ကောင်မလေးက လက်ကို အတင်း ပြန်ရုန်းထွက်လိုက်ပြီး..

" ကို ကလည်း ဟိုမှာ လူတွေအများနဲ့ဟာကို မလုပ်ပါနဲ့နော် သဲ ရှက်လို့ပါ "

" သဲ ကလည်းကွာ..လက်ကလေး ကိုင်တာကို "

" စိတ်မဆိုးပါနဲ့ ကိုရယ်..သဲ ရှက်လို့ပါ "

" တော်စမ်းပါ ကွာ"

"အမေ့"

ကောင်လေးက စိတ်ဆိုးဆိုးနဲ့ အော်လိုက်တော့  ကောင်မလေးလည်း လန့်သွားတာပေါ့...

" ကို ကလည်း.."

"ဘာ ကိုကလည်း လဲ..မင်းဟာက ပခုံး ဖက်တော့လည်း မဖက်နဲ့ လက်ကိုင်တော့လည်း မကိုင်နဲ့ ဆိုတော့ ငါက ဘာလုပ်ရမှာလဲ "

"တိုးတိုး ပြောပါ ကိုရယ် "

"ဘာမှ တိုးတိုး မပြောနိုင်ဘူး သမီးရီးဇားဘဝ ဒါလေးမှ လက်မခံနိုင်ရင် ဘာလို့ ဆက်တွဲ နေမှာလဲ..တော်ပြီ  မင်းနဲ့ငါ ပြတ်ပြီ ဒါပဲ "

ကောင်လေးက စိတ်ဆိုးဆိုးနဲ့ ပြောပြီး လှည့်ထွက်တော့ ကောင်မလေးက နောက်ကနေ လှမ်းပြောလိုက်တယ်၊

"စောက်ရူး..ထားခဲ့ဖူးသမျှ ရီးဇားတွေထဲမှာ မလုပ်နဲ့ ပြောတိုင်း လိုက် မလုပ်တာ နင် တစ်ယောက်ဘဲ ရှိတယ်"

" တိန် "

လူချွန်တော်

You May Also Like

0 comments