လူပျိုကြီးနဲ့ကြက်မ

by - November 29, 2019


လူပျိုကြီးကိုဖိုးသန်တစ်ယောက် ခုထိမိန်းမ မရသေးတော့ ဗေဒင်ဆရာက ယတြာချေတဲ့အနေနဲ့ ကြက်မတစ်ကောင် အမြဲဆောင်ထားဖို့ မှာထားတယ်။

သူ့ခမျာ မိန်းမလိုချင်ရှာတော့ ဗေဒင်ဆရာခိုင်းတဲ့အတိုင်း သွားလေရာ ကြက်မကြီးတကိုင်ကိုင်နဲ့။

ဒီနေ့တော့ သူရုပ်ရှင်သွားကြည့်တာ ရုံပေါက်စောင့်က ကြက်မကြီးကို အထဲ ယူခွင့်မပြုဘူးတဲ့လေ။

"ရုံထဲကို တိရိစ္ဆာန်တွေ ခေါ်သွားလို့ မရပါဘူးခမျာ''

ဒါနဲ့...

အိမ်သာထဲသွားပြီး ကြက်မကြီးကို သူ့ဘောင်းဘီရှေ့ကြားထဲ ထည့်လိုက်တယ်။

ပြီးတာနဲ့ ရုံထဲ ခပ်တည်တည်နဲ့ ဝင်သွားတယ်။

အပေါက်စောင့်ကလည်း သူ့လက်ထဲ ကြက်မကြီး ပွေ့လာတာမတွေ့တော့ ဝင်ခွင့်ပြုလိုက်တာပေါ့။

ရုံထဲရောက်လို့ ဇာတ်ကားစပြတော့ သူ့ဘောင်းဘီဇစ်ကိုဆွဲချလိုက်ပြီး ကြက်မကြီးရဲ့ခေါင်းကို အပြင်ခဏထုတ်ပေးထားလိုက်တယ်။

ဒါမှ ကြက်မကြီး အသက်ရှူချောင်မှာကိုး။

ပြသနာက သူ့ဘေးကပ်လျက်ခုံက မိန်းမ၊

ကပ်လျက်ခုံကမိန်းမက သူနဲ့အဖော်ပါလာတဲ့ မိန်းမကို တိုးတိုးကပ်ပြောတယ်... ...

"ဟဲ့... မိနော်၊ ငါ့ဘေးကလူကြီးရဲ့ ဟာက သူ့ဘောင်းဘီဇစ်ထဲကနေ ထွက်နေတယ်တော့''

"နင်က ကိုယ့်အိန္ဒြေနဲ့ကိုယ် မနေဘဲ ဘာလို့ အဲဒါကို သွားကြည့်နေတာလဲ''

ဆိုတော့...

အဲ့မိန်းမက ပြန်ပြောတယ်... ...

"မကြည့်လို့ ရမလားအေ့... သူ့ဟာကြီးက ငါ့လက်ထဲက ပြောင်းဖူးပေါက်ပေါက်တွေကို လှမ်း လှမ်း ဟပ်နေတာကိုး''

"ငင်... ...''

Thanlay Ko

You May Also Like

0 comments