အမျော်အမြင်ကြီးတဲ့ မိန်းမ

by - November 28, 2019


မင်္ဂလာဦးညမှာ ဇနီးသည်ဖြစ်သူက ခင်ပွန်းသည်လေးနားကပ်ပြီး သူတို့ရဲ့ ပထမဆုံး ချစ်ရည်လူးပလူး (having sex) တဲ့ အထိမ်းအမှတ်အနေနဲ့ ဒေါ်လာ ၂၀ တောင်းတယ်။

စိတ်ဝင်စားစရာကောင်းတာနဲ့ ကောင်လေးက ချက်ချင်းသဘောတူလိုက်တယ်။

ကောင်မလေးရဲ့ချစ်စရာ အပြုအမူလေးတစ်ခုမို့လည်း ကြည့်ကြည့်ဖြူဖြူပေးခဲ့တာပေါ့။

လိုချင်တာလေးတွေ ဝယ်ဖို့၊ သုံးဖို့စွဲဖို့ တောင်းတာပဲဖြစ်မှာပါဆိုပြီး ကောင်လေးက မှတ်ချက်ပြုထားတာပေါ့။

အဲ့လိုပဲ . .သူတို့အိမ်ထောင်သက် အနှစ်( ၃၀ ) ကျော်သည့်တိုင် ချစ်ရည်လူးတဲ့အခါတိုင်းအဲ့ဒီအလေ့အကျင့်လေးကို ယူသွားဖြစ်လိုက်တယ်။

တစ်ရက်တော့ နေလယ်လောက်မှာ အလုပ်ကနေ အရက်တွေအရမ်းမူးပြီးပြန်လာတဲ့ ခင်ပွန်းသည်ကိုတွေ့တော့ ဇနီးသည်အံ့သြသွားတယ်။

တစ်ခါမှ ဒီလို အချိန်မှာ မသောက်စဖူးထူးခြားနေတာပေါ့။

အိမ်ထဲရောက်ပြီးခဏအကြာမှာ ဇနီးသည်လေး မမေးခင် အကြောင်းစုံကိုဖွင့်ပြောပြလိုက်တယ်။

" ကို တို့ အလုပ်ရှင်က လုပ်ငန်းတွေ ကျဆင်းလာတဲ့အတွက် ကိုယ့်ကို အလုပ်ကနေ ဖြုတ်ပစ်လိုက်တယ်ကွာ အသက် ( ၅၉ ) နှစ်အရွယ်ရောက်ပြီဆိုတော့ အလုပ်သစ်ရှာနိုင်မယ့်ပုံလည်း မပေါ်တော့ပါဘူး။ ကုမ္ပဏီတွေကလည်း အလုပ်ခန့်မယ် မထင်တော့ပါဘူး မိန်းမရာ။ အားကိုးစရာ သားသမီးလည်း မရှိတော့ ရေရှည်မှာ စားဝတ်နေရေးအဆင်မပြေ မှာစိုးတယ်ကွာ။" ဆိုပြီး မျက်ရည်လေးဝဲပြီး ဝမ်းနည်းစွာ ပြောပြနေရှာတယ်။

ဒီအခါမှာ ဇနီးဖြစ်သူက အေးဆေးတည်ငြိမ်စွာပဲ ယောကျ်ားကို နှစ်(၃၀) ကျော်သက်တမ်းရှိတဲ့ ဘဏ်စာအုပ် ထုတ်ပြလိုက်တယ်။

စာအုပ်ထဲမှာတော့ ကာလကြာရှည်ထားရှိလို့ ရလာတဲ့အတိုးအမြတ်တွေ ပေါင်းရင် ဒေါ်လာတစ်သန်း နီးပါးရှိတယ်။

ယောကျာ်းဖြစ်သူ မျက်လုံးဝိုင်းသွားတယ် ပြီးတော့ သူဘာမှမပြောနိုင်သေးခင်မှာ ဇနီးသည်က ထပ်ရှင်းပြတယ်။

"ဒီပိုက်ဆံတွေဟာ ချစ်ရည်လူး(having sex)တဲ့ခါတိုင်း တောင်းထားတဲ့ပိုက်ဆံတွေပါ။

အဲ့ဒီပိုက်ဆံတွေကို ဘဏ်ထဲမှာ နှစ်သုံးဆယ်ကျော်ကြာ အောင် မှန်မှန်စုဆောင်းလာနိုင်ခဲ့လို့ ခုလို အများကြီးဖြစ်လာတာပေါ့။

"ကျွန်မတို့ ဒီပိုက်ဆံတွေနဲ့ ကောင်းကောင်း ရင်းနှီး လုပ်ကိုင်စားလို့ ရတယ် မဟုတ်လား ကို ရဲ့"။

ယောကျာ်းဖြစ်သူ စကားမပြောနိုင်လောက်အောင် အံ့အားသင့်သွားတယ်။

နှောင်ရေးအတွက် အိုစာမင်းစာ လေးမစုဆောင်း မိခဲ့ပါလားဆိုတဲ့ နောင်တတွေလည်း လိမ္မာ ပါးနပ်တဲ့ မိန်းမရဲ့ အမျှော်အမြင်ကြီးမှုအောက်မှာ ပျောက်သွားတယ်။

အရမ်းဝမ်းသာသွားပြီး အမှတ်မထင် စကားတစ်ခွန်းကို အားရပါးရ ပြောလိုက်မိတယ်။

"ဒီလိုမှန်းသိရင် ဒီလိုမိန်းမ မျိုး ဆယ်ယောက်ယူပါတယ်ကွာ "တဲ့ ခိခိ 😁😁😁

ခရစ်ဒက်စ်

You May Also Like

0 comments