မိန်းမ ၃ ယောက်ယူမယ့် ကလေး


တခါက (5) နှစ် အရွယ် ကလေးငယ် ဟာ ရှေးခေတ် ဘုရင်ကြီး ပုံပြင်ဖတ်ပြီး ဘုရင်ကြီး မှာ ကြင်ယာတော် များစွာ ရှိကြောင်း ဖတ်မိချိန့် သူ့ အမေ ကို စကားပြောလိုက်တယ် ။

" မေမေ သားလည်း ကြီးလာရင် ဘုရင်ကြီး ကို အားကျ လို့ မိန်းမ (3) ယောက် ယူမယ် ဂျာ "

" အိုးး… များလှချည်လား သားလေးရယ် " လို့ သူ့ အမေက ပြောတော့

" အို့ မေမေ ကလည်း တယောက်က သားကို ရေ ချိုး ပေးရမယ့်
ဒုတိယ တယောက်က သား ကို ထမင်းဟင်း ချက်ကျွေး ရမယ့်
နောက်တယောက်က သားကို သီချင်းဆိုပြရ မယ်လေ မေမေ "

" အဲ့ ဒါဆို သား အိပ်တဲ့အခါ ဘယ်မိန်းမ နဲ့ အိပ်မှာ လည်း သားလေးရဲ့ "

" အို မေမေ ကလည်း သားက ညအိပ်တဲ့ အခါ မေမေ နဲ့ အတူတူ အိပ်မှာပေါ့ "

သားငယ်ရဲ့ စကားကို ကြားတော့ အမေဖြစ်သူရဲ့ မျက်ဝန်းမှာ မျက်ရည်များ ပြည့်လျှံ လာပြီး့

" အို့ သားလေး ရယ် ကောင်းချီးများစွာ သင့်ထံ ကျရောက်ပါစေ " လို့ ဆုတောင်းပေးပါတယ် ။

နောက့် ထပ်ပြီး မေးလိုက်ပြန် ပါတယ် ။

" ဒါဆို့ သား ယူထားတဲ့ မိန်းမ (3) ယောက်က ဘယ်သူနဲ့ အိပ်မှာလဲ သားလေး ရယ် "

" ဟာ့ အမေ ကလည်း အာ့ (3) ယောက် အဖေ နဲ့ အတူတူ အိပ်ခိုင်း လိုက်မှာပေါ့ "

ထိုစကား ကြားတော့ သူတို့ သားအမိ နား သတင်းစာ ဖတ်နေတဲ့ အဖေ က မျက်ဝန်းမှာ မျက်ရည်များ ပြည့်လျှံ လာပြီး

" အို့ သားလေး ရယ် ကောင်းချီး များစွာ သင့်ထံ ကျရောက်ပါစေ " လို့

ဆုတောင်းပေးလိုက်လေသတဲ့…

😂😂😂
Kazaw

Comments