မေ့ပါဘူးကွဲ့ သက်လယ်

by - November 18, 2019


စနေနေ့ ရုံးပိတ်တော့ အိမ်မှာ ကလေး ထိမ်းနေတုန်း
မိန်းမက သူ့ရုံးကနေ ဖုန်းလှမ်းဆက်တယ် ... ...

" ယောက်ျားရေ ... ဒီနေ့ ကျမတို့ရုံး နေ့ဝက်ပိတ်တယ် ၊
ကလေးကို ခေါ်ပြီး Red Hill ဘူတာကို နေ့လည် တနာရီ အရောက်လာခဲ့
ကျမ ရုံးကနေ ဘူတာကို တန်းလာခဲ့မယ်
အိမ်ပြန် မလာတော့ဘူးနော်
အော်ချဒ်ဘက် သွားလည်ရအောင်လို့ "

" အေး ... အေး "

" ကလေးအတွက် နို့ဘူးရယ် ၊ ရေဘူးရယ် ၊ Diaper ထုပ်ရယ် ၊ ဝတ်စုံ အပို တစုံရယ် ထည့်ခဲ့နော် "
" အေး ... "

" ရှင် မမေ့နဲ့နော် "
" အေးပါဟ ... မမေ့ပါဘူး ၊ ငါ့များ အသက်ကြီးနေပြီများ မှတ်နေလား ၊ ခွီးလိုမှပဲ "

" ဒီလိုပြောပြီး ရှင် ခဏ ခဏ မေ့တယ်လေ "
" အေး ... ဒီတခါ မမေ့စေရဘူး စိတ်ချ "

မိန်းမတွေ အတော် ခက်တယ် ။
သူတို့မှ သိ သူတို့မှ တတ်
နေရာ တကာ ပွစိ ပွစိနဲ့ ။

ကဲ ပြောနေကြာတယ်
သူပြောတာတွေ မမေ့အောင် သတိရတုံး ထ, ပြီး ထုပ်ပိုးထား လိုက်တယ် ။

သွားခါနီးတော့ သေချာ ပြန်စစ်တယ် ... ...
1. နို့ဘူး
2. ရေဘူး
3. Diaper
4. ဝတ်စုံ အပိုတစုံ
အိုကေ ... စုံတယ်၊ Go ပြီလေ ဘူတာကို ။

ဘူတာမှာ စောင့်နေတုန်း ခဏနေတော့ သူလာရော ... ...

" ရှင် ... ကျမ မှာတာတွေ ပါ ... ပါ ... "

" ပါတယ်ဟေ့ ... စကားမများနဲ့ ... ဒီမှာကြည့် ... "

... ဆိုပြီး တခုခြင်း ထုတ်ပြလိုက်တယ် .... ....

" ဟောဒမှာ နို့ဘူး ၊ ဟောဒမှာ ရေဘူး ၊ ဟောဒမှာ Diaper တထုပ် ၊ ဟောဒမှာ အပိုဝတ်စုံ တစုံ ...
ကဲ ... မင်း ဘာပြောချင်သေး သဒုံး "

... ဆိုတော့ သူက မေးတယ် ... ...
.
.
.
.
.
.
.
.
.
.
" ကလေးရော ... " .... .... တဲ့ ။

" ဂိန် ... " လို့သာ အော်လိုက်ချင် တော့တယ် ။
.
.
.
😁😁😁
Thanlayko

You May Also Like

0 comments