အကောင်းဆုံးဟင်း


ကိုတင်မောင် နွားရိုင်းသတ်ပွဲ တပွဲသို့ သွားရောက် ကြည့်ရှုပြီး အပြန်
အနီးနားမှ
စားသောက်ဆိုင် တဆိုင်သို့ ဝင်လိုက်၏ ။
ထို့နောက် စားပွဲထိုးမလေးအား

" ဟို ဝိုင်းက ဘာတွေ စားနေတာလဲဗျ "

" အဲ့ဒါက နွားရိုင်းသတ်ပွဲမှာ သေသွားတဲ့ နွားရဲ့ Fighting Ball ဟင်းပွဲပါ ရှင့်
ကျမတို့ ဆိုင်ရဲ့ အကောင်းဆုံး ဟင်း ပေါ့ရှင် "

" ကျနော့ကို တပွဲ ပေးပါ "

" ဆောရီးပါရှင် စိတ်မကောင်းပါဘူး
နွားရိုင်းသတ်ပွဲက တနေ့ တပွဲပဲရှိတာဆိုတော့ နွားက တကောင်ပဲ သေပါတယ်
ဒါကြောင့် တုံကင်လေး ယူထားပီး နောက်နေ့ ပြန်လာခဲ့ပါရှင် "

နောက်နေ့ရောက်သောအခါ

ကိုတင်မောင် ဆိုင်ရောက်လာသည်
တုံကင်ယူထားသဖြင့်
Fighting Ball ဟင်းပွဲ အဆင်သင့် ရောက်ရှိလာသည်

ကိုတင်မောင် မြိန်ရေ ရှက်ရေ စားပြီးနောက်

" ရှင်းမယ်ဟေ့ "

" ဟုတ်ကဲ့ရှင့် လာပါပြီ "

ပိုက်ဆံရှင်းပြီးနောက် ကိုတင်မောင်က
စားပွဲထိုးမလေးအား

" နေစမ်းပါဦး
ဟိုနေ့က ဘေးဝိုင်းက စားနေကြတုန်းက
အလုံးနှစ်လုံးက တော်တော်ကြီးပါတယ်
ဒီနေ့ကြတော့ ဘာလို့ ထန်းလျှက်ခဲ လောက်ပဲ ရှိတာတုန်းဟ "

" အော် ဒါက ဒီလိုရှိပါတယ်ရှင်
ဒီနေ့က နွားကနိုင်ပြီး လူသေသွားလို့ပါ ရှင် "

" တိန် "

😁😁😁
ခရစ်ဒက်စ်

Comments