အပြစ်ကင်းသူ

by - November 24, 2019


လူတယောက်ဟာ တည သူ့အိမ်မှာ ဘီယာတွေ အလွန်အကျွံ သောက်ပြီး မိန်းမနဲ့ အကြီးအကျယ် စကားများ ရန်ဖြစ်ကြတယ် ။ နောက်တော့ မူးပြီး အိပ်ပျော် သွားတယ် ။

မနက် အိပ်ယာထတော့ အမူးပြေ သွားပြီ ။ ညက မိန်းမနဲ့ စကားများ ရန်ဖြစ်တာကို သူ နောင်တ ရနေတယ် ။

ဒါကြောင့် ညက သောက်ထားတဲ့ ဘီယာပုလင်းခွံတွေ ထည့်ထားတဲ့ စက္ကူပုံးကို အိမ်ပြင်ကို သယ်ထုတ်လာပြီး ပုလင်းတွေကို အိမ်နံရံကို ပစ်ပေါက်ခွဲနေတယ် ။

" ငါ့မိန်းမနဲ့ ရန်ဖြစ်တာ မင်းကြောင့် "
ဆိုပြီး ပထမဆုံး ပုလင်းကို ပစ်ပေါက်ခွဲ လိုက်တယ် ။

" ငါ့ကလေးတွေ ငါ့ကို မချစ်တော့တာ မင်းကြောင့် "
ဆိုပြီး ဒုတိယပုလင်းကို ပစ်ပေါက်ခွဲ လိုက်တယ် ။

" ငါ့မှာ အလုပ် ကောင်းကောင်း မရတာ မင်းကြောင့် "

ဆိုပြီး တတိယ ပုလင်းကို ပစ်ပေါက်ခွဲ လိုက်တယ် ။

စတုတ္ထပုလင်းကို ပစ်ခွဲဖို့ ထုတ်လိုက်တယ် ။
ပုလင်းဟာ မဖွင့်ရသေး သလို ဘီယာတွေ ရှိနေတာကို တွေ့လိုက်တယ် ။

သူဟာ ပုလင်းကို ပစ်ပေါက် မလို့ ရွယ်လိုက် ပြီးမှ ခဏ စဉ်းစားပြီး ပုလင်းကို ပြန်ချရင်း ခုလို ပြောလိုက်တယ်။

" ဒီကိစ္စမှာ မင်းမပါဘူး ဆိုတာ ငါသိပါတယ်ကွ ာ"

ဗန်းမော်သိန်းဖေ

You May Also Like

0 comments