မယားကြောက်သူတို့ရွာ


တခါက အင်မတန်မှ မိန်းမကြောက်ရတဲ့ ယောက်ျားတွေ နေတဲ့ ရွာလေးတရွာ ရှိတယ် ။
ဘယ်လောက်ထိ မိန်းမ ကြောက်လဲ ဆို
အဲ့ယောက်ျားတွေက ညညဆို ခြင်ထောင်ထဲ ကကို မထွက်ရဲဘူး ။
( ကြောက်ပုံက ကြောက်ပုံက 😁 )

ဒီလိုနဲ့
ကြာလာတော့လည်း
ယောက်ျားတွေက သည်းမခံနိုင် တော့ဘူး ။

တခုခုလုပ်မှ ရတော့မယ်ပေါ့ ။ မိန်းမတွေကို မကြောက်ချင် တော့ဘူး ။

ဒီလိုနဲ့ မိန်းမတွေ မသိအောင် တယောက်နဲ့တယောက် လက်တို့ တီးတိုး ပြောဆိုရင်း ညတည သန်းခေါင်ယံ အချိန်မှာ ယောက်ျားတွေ အစည်းအဝေး လုပ်မယ် ။

မိန်းမတွေကို မကြောက်အောင် ဘယ်လို လုပ်ရမလဲ ဆွေးနွေးကြမယ် ။
မိန်းမတော်လှန်ရေး ပေါ့ ။

ဒီလိုနဲ့ အဲ့ညကို ရောက်ရှိလာ ပါရော

ညသန်းခေါင် အချိန် .....
ယောက်ျားတွေ တယောက်ပြီး တယောက် ကြောက်ကြောက်နဲ့ ခိုးကြောင် ခိုးဝှက် ရောက်ရှိလာပါရော ...

ခေါင်းဆောင် လုပ်မဲ့ ယောက်ျားကြီး တယောက်က စပြောတယ်

" လူလည်း စုံပြီး အစည်းအဝေး စကြမယ် "

အဲ့ဒီအချိန်မှာ.....
ကင်းစောင့်နေတဲ့ ယောကျ်ား တယောက်က

" မိန်းမတွေ လိုက်လာပြီဟော့
မိန်းမတွေ လာနေကြပြီ .... "

ဆိုပြီး ပြောပြီး ပြေးရော

အကုန်လုံး ပြေးကြ လွှားကြနဲ့
အစည်းအဝေးပွဲ ပျက်သွားရော

မိန်းမတွေ ရောက်လာတော့
ယောက်ျား တယောက်ပဲ ကျန်တော့တယ်

ခေါင်းဆောင်ယောက်ျား ပါ
သူတယောက်ပဲ ကျန်နေခဲ့တယ်

မိန်းမတွေလည်း အံ့သြကုန်တာပေါ့
ဒီယောကျ်ားက ငါတို့ကို ကြောက်ပြီး မပြေးဘူးပေါ့

အာ့နဲ့ ဘယ်သူလဲ ဆိုပြီး
ဓာတ်မီး ထိုးကြည့်လိုက်တဲ့ အခါမှာ

.
.
.
ထိုယောက်ျားက
တောင့်တောင့်ကြီး နှင့်
အသက်ထွက်နှင့်နေပြီ ဖြစ်သည်။

အံ့သြဘ

😁😁😁

Comments