မင်းဘယ်မှာလဲ မိန်းမရေ

by - October 29, 2019


မိန်းမရေ ၊ မင်းဘယ်မှာလဲ .. ( ဖုန်းဖြင့်) ။

ဇနီး - အိမ်မှာပေါ့ ယောကျ်ားရယ် ။

ခင်ပွန်း - မင်း .. သေချာလား။

ဇနီး - သေချာတာ ပေါ့ရှင် ။

ခင်ပွန်း - ဒါဆို .. ကြိတ်စက် ခလုတ် ကို ဖွင့်လိုက်စမ်း ။

ဇနီး - ( ခလုတ်နှိပ် လိုက်ပြီး ) ဂရီး .. ဂရီး .. ။

ခင်ပွန်း - ကောင်းပြီ ။ တာ့တာ ။ ညနေကျမှ အိမ်မှာ တွေ့ကြမယ်။

နောက်တနေ့ ....

သဝန်ကြောင်တဲ့ ခင်ပွန်း - မိန်းမရေ ၊ မင်းဘယ်မှာလဲ ။

ဇနီး - အိမ်မှာပေါ့ ယောကျ်ားရယ် ။

ခင်ပွန်း - သေချာလား ။

ဇနီး - သေချာတာ ပေါ့ရှင် ။

ခင်ပွန်း - ဒါဆို .. ကြိတ်စက် ခလုတ် ကို ဖွင့်လိုက်စမ်း ။

ဇနီး - ( ခလုတ်နှိပ် လိုက်ပြီး ) ဂရီး .. ဂရီး ... ။

ခင်ပွန်း - ကောင်းပြီ ။ ညနေ ကိုယ် အိမ်ပြန်အလာ ကို အပေါက်ဝ မှာ ကြိုနေနော် ။

နောက်တနေ့ မှာတော့ ယောကျ်ား ဖြစ်သူဟာ သူ့ မိန်းမကို အသိ မပေးဘဲ အိမ်ကို ပြန်ကြည့် ဖို့ ဆုံးဖြတ်လိုက် ပါတယ် ။

အိမ်ရောက်တဲ့ အခါ သူတို့ရဲ့ သားဖြစ်သူ ကိုသာ တယောက်တည်း တွေ့ရတာ မို့

" သားရေ .. မင်းအမေ ဘယ်မှာလဲကွ " လို့ မေးလိုက် ပါတယ် ။

" သား  မသိဘူး .. အဖေရဲ့ ။

ကြိတ်စက် တလုံး ဆွဲပြီး အမေ အပြင် ထွက်သွား တာပဲ။ "

" တိန် တိန် တိန် "

😁😁😁

Crd

You May Also Like

0 comments