ဘယ်ရောက်ကုန်လဲ



" ဟ .....၊
ဒကာ မောင်စိန်
မလာစဖူး ၊ အလာထူး ၊ စောစောစီးစီး ပါလား ဟ "

" မှန်ပါ့ .. ဘုရား .. "

" ဘုန်းဘုန်းကို မေးလျှောက်ချင်တာလေး ရှိလို့ ဘုရား .. "

" ဟေ .. အေး၊ မေးလကွာ .. သိတော့လည်း ဖြေရတာပ .. "

" ညက မြို့ပေါ်က တရားဟော ဘုန်းကြီး တရားဟော ကြွလာတာ သိတယ် မလား ဘုရား .. "

" အေး .. သိတယ်လေ .. ငါတောင် ကျောင်းကနေ နာ နေတာဟ "

" တမ .. ပြဿနာ အဲက စတာ ဖျား .. "

" နို့ ...၊ ဆိုစမ်းပါဦး မောင်စိန် ရ .. ထူးဆန်း ပါပေ့ .. "

" တရားပွဲကို ဗျိတော် မိန်းမက သွားနာတယ် ဘုရား .. "

" အေး .. အဲ့တော့ .. "

" သွားခါနီး ဗျိတော်ကို ခေါ်တယ်ဖျား .. "

" အင်း .. "

" ဗျိတော်က မလိုက်ချင်တာနဲ့
အိမ်စောင့်နေရစ်မယ် .. မင်းတစ်ယောက်တည်း သွား ... လို့ ပြောလိုက်တာကို ..
သူက ရှင်တို့ ယောင်္ကျားတွေ ... တဲ့ ဘုရားမေ့! တရားမေ့! သံဃာမေ့ !
အဲ့ဒါကြောင့် .. ရှင်တို့ ယောင်္ကျားတွေ သေရင် ငရဲပြည် ရောက်ရတာ တဲ့ ... ဖျား "

" ဒါနဲ ဗျိတော် က ပြန်မေးလိုက်တယ် ..
နင်တို့ မိန်းမတွေ ကရော.. ဆိုတော့ ..
သူတို့ သေရင် နတ်ပြည်မှာ နတ်သမီးတွေ ဖြစ်ကြတယ် ... တဲ့ "

" အထောက်အထား ပြကွာ " ဆိုတော့

" နတ်ပြည်မှာ နတ်သား တယောက်ကို နတ်သမီးက တဘက် ၅၀၀ နှစ်ဘက်ဆို ၁၀၀၀ လေ .. တဲ့
အဲဒါ နတ်ပြည်မှာ နတ်သား နည်းလို့ပေါ့ .. နတ်ပြည် မရောက်မှတော့ ငရဲပြည် ရောက်တာပေါ့ .... တဲ့ ဖျား "

" အေး .. ထားပါ .. မောင်စိန် က ဘာသိချင်တာလဲ ? "

" တမ! အားတော့ နာပါရဲ့ဖျား ..
ဗျိတော် မိန်းမပြောသလိုဆို ယောင်္ကျားတွေ ဆိုတော့ ဘုန်းကြီး ကလည်း ယောင်္ကျား ဆိုတော့ ..
သေရင် ..... "

" အို့ .... မောင်စိန် ရာ ၊ မင်းမလည်း အ ပ ကွ ာ..
မှတ်ထားဟ ..
ဒို့ယောင်္ကျားတွေ သေရင် ငရဲပြည် ရောက်ကုန်တာ မဟုတ်ဘူး ... ကွ "

" ဒါဆို ... ဘယ်ရောက်ကုန်တာလဲ ဖျား .. "

" ဘယ်ရောက်ရမှာလဲ ဒကာ မောင်စိန် ရ ..
ဘုရားဖြစ်ကုန်တာ ... ကွ
ဂင်္ဂ ါဝါဠု သဲစု မက ပွင့်သွားကြတဲ့ ဘုရားတွေ ဘုရားတွေ ဆိုတာ ဒို့ ယောင်္ကျားတွေဟ ..
မိန်းမတွေ ဘုရားဖြစ်တာ မင်းကြားဖူးလို့ .... လား "

" ဟုတ်သား ... ဖျား ၊ ဒီလိုဆိုရင် ဗျိတော်မိန်းမ ကို ဂလဲ့စားချေလို့ ရပီ .. "

" ဟေ့ ... မမြင့် .. "

" ဘာလဲတော့ "

" ငါ ဘုန်းကြီး ဆီက မေးလာခဲ့ ပီးပီ ..
ငါတို့ ယောင်္ကျားတွေ သေရင်
မင်းပြောသလို ငရဲပြည် ရောက်ကုန်တာ မဟုတ်ဘူး .... ကွ "

" ဒါဆို ၊ ဘယ်ရောက်ကုန် တာလဲ .... "

" ဂင်္ဂ ါမြစ်ထဲမှာ သဲတွေဖြစ်ကုန်တာ .. တဲ့ "

" တိန် .... "

😁😁😁
အရှင် ခန္တီဝရ သို့ သတိရလျှက် ..
(ရန်နိုင်)

Comments