ဆောင်ဆန်းရီး မင်္ဂလာဆောင်
တူတော်မောင် တယောက် မင်္ဂလာဆောင်လို့ သွားတယ် ။
ဟော်တယ် ဝင်ပေါက်မှာ တံခါးက ၂ ပေါက် ။
တပေါက်မှာ ရေးထားတာက ' ကျား '
နောက်တပေါက် မှာက ' မ '
ကိုယ်က ယောကျ်ား ဆိုတော့ ' ကျား ' ဆိုတဲ့ အပေါက်က ဝင်လိုက်တယ် ။
အထဲမှာ တံခါး ၂ ပေါက် ထပ်တွေ့တယ် ....
တပေါက်မှာ ရေးထားတာက ' သတို့သား အမျိုးများ '
နောက်တပေါက်မှာက ' သတို့သမီး အမျိုးများ '
ကိုယ်က သတို့သား အမျိုး ဆိုတော့ ပထမအပေါက် ကနေပဲ ဝင်လိုက်တယ် ။
ဟော ...
အထဲမှာ တံခါး ၂ ပေါက် ထပ်တွေ့ပြန်တယ် ....
တပေါက်မှာ ရေးထားတာက ' လက်ဖွဲ့ပါသူ '
နောက်တပေါက်မှာက ' လက်ဖွဲ့မပါသူ ' တဲ့ ။
ကိုယ့်မှာ ဘာလက်ဖွဲ့မှ မပါတော့ ' လက်ဖွဲ့ မပါသူ ' အပေါက်ကို ဖွင့်ပြီး ဝင်လိုက်တာ ... ...
နောက်ဖေးလမ်းကြားထဲ ရောက်သွားတယ် ။
အေးတာပဲ
.
.
.
😁😁😁
သန်၄ကို - ရမ်းဘာသာပြန်သည်။
0 comments