ကြိုးစားမှုရဲ့ ရလဒ်


ဒီနေ့ ...

ကျနော့် သူဌေး ရုံးတက်လာတော့ လမ်ဘော်ဂနီ ကားအသစ်ကြီး နဲ့ဗျ ။

အံ့သြတကြီးနဲ့ သူဌေးကို ပြောမိတယ် ... ...

" ဟာ ... ဆရာ၊ ကားအသစ်ကြီး နဲ့ဗျာ၊ အားကျလိုက်တာ ဆရာရယ် "

ဆိုတော့ ...

သူဌေးက ပြန်ပြောတယ် ... ...

" အေး ... မင်းလည်း ရိုးသားကြိုးစား ၊

အရင်ကထက် နှစ်ဆ သုံးဆ ပိုပြီး အလုပ်လုပ် ၊

လစာလျှော့ယူ အာ့ဆိုရင် ဒီနှစ်ကုန်တာနဲ့ ... "

" ဒ ဒီ ဒီနှစ် ကုန်တာနဲ့ ဘ ဘာ ဘာဘာဖြစ်လဲ ဆရာ ... ဟီး "

" ... ဒီနှစ် ကုန်တာနဲ့ ငါ နောက်ကားသစ် တစ်စီး ထပ်ဝယ်နိုင်ပြီ ပေါ့ကွာ "

" ငင့် ... "

..

..

..

😁😁😁

သန်၄ကို - ရမ်းဘာသာပြန်သည်။

Comments