သင့် မိန်းမအား အခန်းတခန်းတွင် ထည့်ပိတ်ပါ ။
အခြား အခန်း တခန်းတွင် သင့်၏ အိမ်မွေးခွေးလေး ကို ထည့်ပါ ။
အခန်းများအား အပြင်မှသော့ ခတ်ပြီး
နောက် (၃) နာရီလောက် ကြာမှ ပြန်ဖွင့်ပါ ။
ဘယ်သူက သင့်ကို ချစ်ပြီး …
ဘယ်သူက သင့်ကို ' ကိုက် ' မယ် လို့ ထင်ပါသလဲ ။
( ဒါကို အိမ်မှာ မစမ်းပါနဲ့ မိတ်ဆွေ …
စမ်းသပ်မိသူ တယောက် ကတော့ မိန်းမ နဲ့ ကွာရှင်းပြီး
သူ့အိမ်မွေး ခွေးလေးနဲ့ တသက်လုံး နေသွားရ ရှာပါတယ် )
မရယ်ပါနဲ့အုံး …
နောက်တမျိုး စမ်းသပ်ကြည့်ပါအုံး ။
သင့်ယောက်ျားအား အခန်းတခန်းထဲတွင် ပိတ်ပါ ။
အခြားအခန်းတွင် သင့်၏ အိမ်မွေးခွေးလေးကို ထည့်ပါ ။
အခန်းများကို အပြင်မှ သော့ခတ်ပြီး
နောက် (၃) နာရီကြာမှ ပြန်ဖွင့်ကြည့်ပါ ။
သင့် အိမ်မွေးခွေးလေးက ပျော်ရွှင်စွာနဲ့ သင့်ကို စောင့်မျှော်နေတာကို တွေ့ရမှာ ဖြစ်ပြီး
နောက်တခန်းကို ကြည့်လိုက်ရင်တော့ သင် စိတ်တိုရ ပါလိမ့်မယ် ။
သင့်ယောက်ျားက အခုလို လွတ်လွတ် လပ်လပ်နဲ့ မအိပ်ရတာ ကြာတဲ့ အချိုးမျိုးနဲ့
နှစ်ခြိုက်စွာ အိပ်နေတာကို တွေ့ရပါလိမ့်မယ် ။ 😁😁
ဒီမှာ ရတဲ့ သင်ခန်းစာ ကတော့ …
သင့် ယောက်ျားကို ပျော်ရွှင်စေချင်တယ် ဆို
နည်းနည်းဘဲ ချစ်ပါ ။
များများ နားလည်ပေး လိုက်ပါ ။
သင့် မိန်းမကို ပျော်ရွှင်စေချင်တယ် ဆိုရင်တော့
များများသာ ချစ်ပါ ။
နားလည် ဖို့တော့ လုံးဝ မကြိုးစားပါနဲ့ ။
ကာမသျှတြ ဆြာညီ
Comments
Post a Comment