ဝိုင်းကြီး ပတ်ပတ် ဒူဝေဝေ ဈေးထဲမှာလေ


ဈေးထဲမှာပေါ့ ... ။

ပုရစ်တွေ ပုံပြီး ရောင်းနေတဲ့ အသည်က

ရက်ကြာလို့ မလတ်ဆတ်တော့တဲ့ သူ့ပုရစ်ပုံပေါ်

ပုရစ်အရှင် သုံးလေးကောင်ကို ခြေထောက် ချိုးပြီး ရောထည့် ထားတယ် ...

ခြေတောက်ကျိုးနေတဲ့ ပုရစ်ကလေးတွေက

ပုရစ်ပုံကြီး ပေါ်မှာ လောက်လက် လောက်လက်နဲ့ ဟိုသွားလိုက် ဒီတက်လိုက်နဲ့ ...

ကြည့်လိုက်ရင် ပုရစ်ပုံကြီးက လတ်လတ် ဆတ်ဆတ် ပုံစံ

ပုရစ် အရှင်တွေတောင် ပါတယ်ပေါ့ ....

.

.

တိုင်းရင်းသား ဝတ်စုံ ဝတ်ထားတဲ့ အဖိုးကြီးက

သကာရည်တွေ ထည့်ထားတဲ့ ပုလင်းထဲကို ပျားနှစ်ကောင် နှစ်သတ်ထားပြီး ...

ခပ်တည်တည်ပဲ အော်ရောင်းနေတာက ...

" တောပျားရည် စစ်စစ်

သေချာကြည့် ပျားတွေတောင် ပါသေးတယ် ... ပျားရည်ဟေ့ ... " တဲ့လေ

.

.

ဟင်းသီးဟင်းရွက်တွေ ရောင်းတဲ့ ဆိုင်မှာတော့

ခရမ်းသီး ဝယ်နေတဲ့ အမျိုးသမီးကို ဆိုင်ရှင် မိန်းမက အော်ပြောပြီး နှုတ်ဆက်နေ တာက ...

" ဟဲ့ ရီမြင့် နင့် ယောကျာၤး ရွာပြန်သွား ပြန်ပြီလား " တဲ့

ဆိုတော့ ...

ခရမ်းသီး ရွေးနေတဲ့ မရီမြင့် ဆိုတဲ့ အမျိုးသမီး

" အင် .... အဲ ... ဟို .... "

ခရမ်းသီးကြီး ကိုင်ပြီး ဘာပြန်ပြောရမှန်း မသိဘူး ဖြစ်နေတယ် ...

.

.

.

ဈေးအဝင်မှာ ရောင်းနေတဲ့ ပေါက်စီတွေကို လက်ညှိးထိုးပြီး

ကလေး တယောက်က သူ့အမေကို ပြောတယ် ...

" မေမေ ... မုန့်လုံးရေပေါ်ကြီးတွေက ထွားလိုက်တာနော်

သားကို ဝယ်ကျွေးအုံး " တဲ့လေ ...

ဒါကို ကြားသွားတဲ့ ပေါက်စီ ရောင်းတဲ့ သူက

နောက်လူတွေ မမှားအောင် လို့ ထင်တယ်

အော်အော်ပြီး ရောင်းနေတော့တာက ...

" ပေါက်စီမှ ပေါက်စီ စစ်စစ်တွေဟေ့ ... တလုံးမှ အတု မပါဘူး "

ပေါက်စီသယ်ရဲ့ အော်သံကြားတော့ ...

သကာရည်ကို ပျားရည်လို့ အော်ရောင်းတဲ့ သူက မလုံမလဲ ဖြစ်ပြီး ...

ပေါက်စီသည် ကြားအောင် ပြန်အော်လိုက်တာက ...

" အမြင်လေးနဲ့တော့ မဆုံးဖြတ်နဲ့ ... သေချာ စမ်းကြည့်ပြီးမှ ဝယ်ဟေ့ ... "

လို့ ပြန်အော်တယ် ...

ဒါကိုကြားတဲ့ ပုရစ်သယ် ကလဲ မလုံမလဲနဲ့ ထအော်တယ် ...

" ဘယ်သူမှ သိနေစရာ မလိုဘူးဟေ့ ...

ဝယ်တဲ့သူ စိတ်ကျေနပ်ဖို့ပဲ အရေးကြီး တယ်နော် ... "

ဆိုတော့... .

ခရမ်းသီး ဝယ်ပြီး ပုရစ်သယ်နားက ဖြတ်ပြန်လာတဲ့ မရီမြင့် ဆိုတဲ့ အမျိုးသမီးက

ဈေးခြင်းတောင်းကို ပြစ်ချပြီး

ပြန်ပြီး အော်လိုက်တာက

" ဟေ့ ... ငါ့ဘာသာ ဘာလုပ်ဖို့ပဲ ဝယ်ဝယ်

နင်တို့ အပူ တပြားဘိုးမှ မပါဘူးဟေ့ ... " တဲ့လေ

😁😁😁

Japan Gyi ( Mattaya)

Comments