လမ်း ဖယ်ပေးကြပါ


ယာဉ်တိုက်မှု တခု ဖြစ်တယ် ကြားလို့ ၊

သတင်းဦး ရချင်တဲ့ သတင်းထောက် တယောက်ဟာ

အပြေးအလွား ရောက်လာတယ် ... ...

.

.

.

တိုက်တဲ့ ကားဘေးမှာ ထုံးစံ အတိုင်း လူအုံနေ တာပေါ့

ရှေ့ကို ခြေဖြား ထောက်ကြည့်တယ် မမြင်ရဘူး

.

.

ဒါနဲ့ ဘေးနားက လူတစ်ယောက်ကို မေးကြည့်တယ် ...

' ဘာဖြစ်တာလဲဗျ '

' ကားနဲ့တိုက်မိလို့ '

' ဘယ်လိုဖြစ်တာလဲ '

' သူက လမ်းဖြတ် အကူး

အရှိန်နဲ့ မောင်းလာတဲ့ ကုန်ကားက

တိုက်ချလိုက်တာ '

' ဘယ့်နှယ့် နေသေးလဲ '

' သေသွားပြီ '

' ဟာ ... ဟုတ်လား '

သူဓါတ်ပုံ ရိုက်ဖို့ ကြိုးစားတယ်

လူအုပ်ကြီးနဲ့ ပိတ်နေတော့

ဘယ်လိုမှ ဝင်မရဘူး

ဒါနဲ့ အကြံ ထုတ်လိုက်ပြီး အော်လိုက်တယ် ... ...

' လမ်းနည်းနည်း ပေးပါ ခင်ဗျာ ၊

ကျနော်က အတိုက်ခံရတဲ့ သူရဲ့ အမျိုးပါ '

... ဆိုတော့ လူတွေက အံ့သြတဲ့ မျက်နှာတွေနဲ့

လမ်းဖယ်ပေး ကြတယ် ။

ရှေ့ဆုံးကို ရောက်လို့ ကြည့်လိုက်တော့ ... ...

ကားနဲ့ တိုက်မိတာက နွားကြီး

တုံးလုံးကြီးလဲ လို့ ... ။

😁😁😁

ThanLayKo

Comments