သတိရလို့ပါ


စားသောက်ဆိုင် တဆိုင် အတွင်းသို့

လူတစ်ယောက် .. မျက်နာ မသာမယာဖြင့် ဝင်လာပြီး ထိုင်လိုက်သည်

စားပွဲထိုး ကောင်မလေးက

အပြေးအလွား ရောက်လာပြီး မေးသည်

" အစ်ကိုကြီး .. ဘာသုံးဆောင်မလဲ? "

ထိုလူက

စားပွဲထိုး ကောင်မလေးကို မော့ကြည့်ကာ ..

" ထမင်းကြော်ကိုကွာ .. ''

" ဟုတ်ကဲ့ရှင့် .. ''

" ငံတူးနေအောင် ကြော်လာခဲ့ .. ''

" ရှင် .. ''

" ပြီးရင် .. ကြက်ဥ ကို မာကျွတ်နေအောင် ကြော်လိုက်ကွာ .. ဟို ကျောက်ခဲလို မာချင် မာ နေပါစေ ''

" ရှင် ''

" နောက်ပြီး ကော်ဖီ တစ်ထုပ်ကို ရေနွေးများများ ထည့်ပြီး ဖျော်လာခဲ့ ..

အရသာ မရှိလေ ကောင်းလေပဲ .. ဟုတ်ပြီလား ''

" ဟို ဟို .. အစ်ကိုကြီး .. တကယ် ပြောနေတာလား .. ''

" ဘာလဲ ! .. ငါ့ရုပ်က နောက်နေတဲ့ရုပ် ပေါက်နေလို့လား .. သွား .. မှာတဲ့အတိုင်း .. ယူလာခဲ့ .. ''

စားပွဲထိ ေးကောင်မလေးက

ခေါင်းကို တဗြင်းဗြင်း ကုတ်ရင်း .. ထွက်သွားလေသည်

အချိန်အနည်းငယ် .. ကြာပြီးနောက်မှာတော့..

စားပွဲထိုးကောင်မလေးက မှာထားသော စားစရာများနှင့် အတူ ပြန်ရောက်လာသည်

" ရပါပြီ အစ်ကိုကြီးရှင့် ''

" အေးး .. ချထားလိုက် ''

စားပွဲထိုးမလေးက စားစရာများ ချထားပေး လိုက်ပြီး ..

" တခြား .. ဘာအလိုရှိပါသေးလဲရှင့် ''

ထိုလူက

စားပွဲထိုးမလေးကို .. ကြည့်လိုက်ကာ ..

" မင်း .. ငါ့ကို တစ်ခု ကူညီပါလား .. ''

" ဟုတ်ကဲ့ .. ပြောပါရှင့် .. ဘာကူညီရမလဲ ''

" မင်း .. ငါ့နားမှာ ထိုင်ပြီး .. ငါ စားနေတာကြည့်ကွာ..

ပြီးရင် ပါးစပ်က ပွစိပွစိနဲ့ ပေါက်ပေါက် ဖောက်သလို စကားကို တရစပ် ပြောပေးကွာ ''

" ရှင် .. ''

" ဘယ်လိုလဲ..လုပ်ပေးနိုင်မလား? '"

" နေပါအုံး .. အစ်ကိုကြီးက .. ဘာလို့ အဲ့လိုတွေ လုပ်ခိုင်းနေရတာ လဲ ဟင် ''

ထိုအခါ

ထိုလူမှ မျက်နာ မအီမသာဖြင့်

ပြန်ပြောလိုက်ပုံက ..

" သေသွားတဲ့ .. ငါ့မိန်းမကို .. သတိရလို့ပါဟာ ..''

" တိန် ''

😁😁😁

လူချွန်တော်

Comments