မိအေး ၂ ခါနာ


အိမ်အကူ ကောင်မလေး မိအေး တဲ့ ၊ တောက ခေါ်လာတာ ။
လူက အူတူတူ အတတ

အိမ်သာဗိုလ်ထိုင်ပေါ် ဆောင့်ကြောင့် တက်ထိုင်တာ ကြွေအိုးထဲ ခြေချော်ကျလို့ ခြေကျင်းဝတ်ကြီး ရောင်နေတာ တပတ်လောက် ကြာတယ် ။

' အင်းအင်း ' ပါပြီးတော့လည်း ရေးမဆေး တတ်ဘူး ၊ ရွံလို့တဲ့ ။
တကယ့် ပြောင်းပြန် ။
တောမှာတုန်းကလို တုတ်ခညောင်းနဲ့ ခြစ်ချရတာပဲ အားရသတဲ့ ။

အဲဒါလေ ...
စားပြီးသား ဝါးတူတွေတွေ့ရင် သိမ်းထားပြီး ၊ ရေဆေး ထက်ခြမ်း ခွဲထားတယ် ။
အလုံးလိုက် ကျတော့ ပြောင်ချောကြီး မို့လို့ သိပ်မပြောင်ဘူးတဲ့ ၊ နှစ်ချက် သုံးချက် ဆွဲနေရတာ အလုပ်ရှုပ်လို့ဆိုပဲ ။

ထက်ခြမ်းခွဲ လိုက်တော့မှ စောင်းထက်ထက်လေးနဲ့ ခြစ်ချ၊ တချက်ပဲတဲ့ ... ထွီ ။

ဒါနဲ့ ...
တရက်တော့ တရှုးလိပ် ဝယ်လာပြီး ပေးလိုက်တယ် ... ...

" ရော့ ... မိအေး "

" ဘာရီးလဲ အာ့ဟာက "

" တွိုင်းလက်ပေပါ (toilet paper) လို့ ခေါ်တယ် "

" ဘာလုပ်ရတာလဲ အဲ့ တွိုင်းလပ်ပီပါကြီးက "

" အိမ်သာထဲ သုံးဖို့လေ၊ နင် ဝါးတူတွေ ထက်ခြမ်း ခွဲခွဲနေတာ မြင်ရတာ ငါ အော့နှလုံး နာလွန်းလို့ "

ဒါတောင် မသုံးပါဘူး လုပ်နေလို့ မနည်း နားချရတယ် ။

တောသူတောင်သား ဆိုတော့ ဖြစ်သလို နေတာ ။
တရက် ...
သူ့အိမ်သာထဲ ဝင်ကြည့်တာ ကြွေအိုးအတွင်း ထဲတွေ ဂျိုးကပ်ပြီး ညစ်ပတ်နေရောပဲ ။

ဒါနဲ့ ဈေးသွားရင်း ကြုံလို့ အိမ်သာအိုးဆေးတဲ့ ပလပ်စတစ် ဘရပ် တခု ဝယ်လာပြီး သူ့ကို ခေါ်ပေးလိုက်တယ် ...

" မိအေး ... ရော့ "

" အာ့ ဘာရီးလဲ "

" Toilet brush လေ အိမ်သာထဲ သုံးဖို့ "

" ဘယ်လို သုံးရတာလဲ "

" ဒီလက်ကိုင် နေရာက ကိုင် ညစ်ပတ်တဲ့ နေရာကို ဒီအမျှင်လေးတွေ နဲ့ပွတ် ကြားလား "

" ဟုတ်ကဲ့ ... "
... ဆိုပြီး ယူသွားတယ် ။

ညနေ အလုပ်က အပြန် အိမ်ရောက်တော့ မမိအေးက ဆီးပြောတယ် ...

" ဟို တွိုင်းလပ်ဘလွတ် ဆိုတာကြီးက အဆင် မပြေပါဘူး "

" ဟင် ဘာလို့လဲ "

" နာတယ် တော့် "

" ဟဲ့ နင်ကဘယ်လို သုံးလို့လဲ "

" သိဘူးလေ ... အင်းအင်း ပါပြီး ဖင်ကို အဲ့ဒါနဲ့ ကိုင်ပွတ် လိုက်တာ ခု ဖင်ပတ်ချာလည် အစင်းကြောင်းတွေထင်ကုန်ပြီး လူမြင်လို့ မကောင်းတော့ဘူး "

ကောင်းကြသေးရဲ့လား
အိမ်သာအိုးဆေးဖို့ ဝယ်ပေးတာ သူက ဖင်ဆေးသတဲ့ ။
.
.
.
.
😁😁😁
သို၄ကန် - ပေါက်ကရ၄၀

Comments