ကြာကူလီ


အလုပ်အားရက်
အိမ်မှာ စာအုပ်ဖတ်ပြီး ဇိမ်ကျနေတုန်း

" ဗျို့ အိမ်ရှင်တို့ အိမ်ရှင်တို့ "

အိမ်ရှေ့က ခေါ်သံကြားလို့

" ဘာကိစ္စလဲ ခင်ဗျ "

" ဒါ ... ကိုလူချွန်တော် ရဲ့အိမ်လား ခင်ဗျ ကိုလူချွန်တော်နဲ့ တွေ့ချင်လို့ပါ "

" ဪ ဟုတ်ပါတယ် ခင်ဗျ ... ကျတော် လူချွန်တော်ပါ ... အိမ်ထဲ ဝင်ပါအုံး "

ဧည့်သည်က အိမ်ထဲဝင်ထိုင်ပြီး ပြောသည်

" ကျတော်က ရုပ်ရှင်အဖွဲ့က ရှူ တင် မန်နေဂျာ ကိုသိန်းထိ ပါ "

" ဪ ဟုတ်ကဲ့ "

" ဒီလိုပါ ကျတော်တို့ ရုပ်ရှင်အဖွဲ့ လမ်းထိပ်က တိုက်အိမ်သစ်ကြီးမှာ ဗွီဒီယို ရိုက်နေတာပါ "

" ဪ အန်တီဆွေ တို့ အိမ် ထင်တယ် "

" ဟုတ်ပါတယ် ခင်ဗျ ... အိမ်ထောင်ရေး ဗီဒီယိုကားလေးပါ "

" ဟုတ်လား ... ဒါနဲ့ မင်းသား မင်းသမီးတွေက ဘယ်သူတွေလဲဗျ "

" အဲ မင်းသားကတော့ " ဇေရဲနှိုက်" ပါ "

" ဟင် ဇေရဲထက် ပဲ ကြားဖူးပါတယ် "

" ဪ ဟုတ်တယ် ... ခုမင်းသားက အသစ်လေ
သူလည်း ဇေရဲထက်လို ပဲ အနှိုက်ကျွမ်း လို့ ဇေရဲနှိုက် လို့ ပေးထားတာ "

" အော် -- "

" အဲ မင်းသမီးကတော့ ... ကဆုန်မိုးဦး ပါ "

" လာပြန်ပြီ ... ဝါဆိုမိုးဦးပဲ ကြားဖူးပါတယ် "

" ဟုတ်တယ် ... သူက ဝါဆိုမိုးဦး ထက် အရင်ပေါ်တာပါ ... ငြိမ်ငြိမ်မနေပဲ အမြဲ ကဆုန်ပေါက်နေလို့ ကဆုန်မိုးဦး လို့ နာမည်ကြီးတာပါ "

" ကဲ ဟုတ်ပါပြီဗျာ ... လာရင်း ကိစ္စလေး ပြောပါအုံး "

" ဪ ဟုတ်ကဲ့ ...
ခု ကျတော်တို့ ရိုက်နေတဲ့ ဇာတ်ကားမှာ အဓိက ကျတဲ့ သရုပ်ဆောင် တစ်ယောက် လိုနေလို့ ပါ ရိုက်ဖို့ လက်ခံထားတဲ့သူက မလာလို့လေ ...

အဲ့ဒါနဲ့ လိုတဲ့ သရုပ်ဆောင်ကို အနီးအနားမှာ ရနိုင်မလားလို့ ရှာကြည့်တော့ ... လမ်းထိပ်ဈေးဆိုင်က ပြောလိုက်တာ

အဲ့မျာ လူချွန်တော် ဆိုတာ ရှိတယ် တဲ့ ... ဝါသနာလည်း ကြီးတယ် တဲ့ ... အစ်ကိုတို့ လိုတဲ့ ဇာတ်ရုပ်နဲ့လည်း သူ့ရုပ်က ကွက်တိပဲ တဲ့ "

ရှူ တင်မန်နေဂျာ၏ စကားကြောင့် ကျတော့်မှာ ကွကိုတောင် ဘဝင် တော်တော် မြင့်သွားသည်
ကျန်း ငါ့ အနုပညာ အရည်အသွေးကို သိနေကြတာ အဟိ

" ဟုတ်ကဲ့ ... ဒါနဲ့ ဘယ်လို ဇာတ်ရုပ်မျိုးလဲ ဗျ "

" အယ် ... ဘယ်လို ဇာတ်ရုပ်လဲ ဆိုတော့
ဟိုဟာ ကြာကူလီ ဇာတ်ရုပ်မျိုးပေါ့ "

" အမ် "

ကျန်းကျန်း မိုက်ရိုက်တာ
ကျုပ်ရုပ်ကိုများ ကြာကူလီ ဇာတ်ရုပ်တဲ့

" တောက် လမ်းထိပ်ဆိုင်က ကျုပ်ကို အဲ့လိုပဲ ပြောလိုက်သလား "

" ဟုတ်ပါတယ် အာ့ကြောင့်လည်း လာခဲ့တာပါ "

" ဒါနဲ့ ခင်ဗျား အမြင်ကကော "

" ဟား ဘာလိုသေးလဲဗျာ လုံးဝကွက်တိပေါ့ ရုပ်နဲ့တင် သေလို့ရတယ် "

" ငွမ် "

ဪ ကွကိုယ် အဲ့လောက်တောင် ချောမှန်းမသိခဲ့ဘူး
ပြောရက်ကြတာ ကြာကူလီရုပ်နဲ့ ကွက်တိတဲ့
ဒါပေမဲ့လည်း မဆိုးပါဘူး
ကိုယ်က မင်းသမီးကို မဟားဒယား ကြံရမှာဆိုတော့ ဟိဟိ

" ကူညီပါ ငါ့ညီရာ အခက်အခဲ ဖြစ်နေလို့ပါ "

" ရတယ်လေ ကူညီမယ် ဝါသနာက ပါတော့ ဘယ်တတ်နိုင်မလဲ ကျရာ ဇာတ်ရုပ်ပေါ့ "

" ကျေးဇူးပါကွာ "

ဒီလိုနဲ့
ရုပ်ရှင်ရိုက်ကွင်း ရှိရာ အိမ်ကို ရောက်သွားတယ်
ဇာတ်လမ်း အရတော့
ညဘက် မင်းသမီးက နိုက်ကလပ်က ပြန်လာတယ်
အိမ်မှာက ခယ်အိုဖြစ်သူ ကျတော်ပဲ ရှိမယ်
ဒီတော့ အမြဲတမ်း ကြိတ်ကြံနေတဲ့ ခယ်အို (ကျုပ်) က မင်းသမီးကို အခန်းထဲ ဆွဲခေါ်ပြီး မဟားဒယား လုပ်ရမဲ့ အခန်း ဟိဟိ မိုက်ပဟေ့
မင်းသမီးကလည်း ဝတ်ထားတာ မလုံ့တလုံ အဝတ်အစား တိုနှံ့နှံ့လေးနဲ့ ဆိုတော့ ... အဟေဟေ့

ဒါရိုက်တာက အဆင့်သင့် ဖြစ်တော့ စရိုက်တယ်

" ရိုက်မယ် ရယ်ဒီ ဝမ်းတူသရီး အက်ရှင် "

မင်းသမီးက အပြင်က တံခါးဖွင့်ပြီး အိမ်ထဲ ဝင်လာသည်

မင်းသမီးမှာ မပေါ့တပေါ် အဝတ်အစားလေးနဲ့ ဆိုတော့
ကျတော်လည်း စဉ်းစားမနေတော့ အတင်း ဖက်လုံး လေရာ

" ဟေ့ ကဒ် ကဒ် "

ဒါရိုက်တာက လှမ်းအော်သည်

" ဟျောင့် မင်းက ချက်ချင်းကြီး ဝင်မလုံးနဲ့လေ
မင်းသမီးကို ရိသဲ့သဲ့ စကားလေး ဘာလေး ပြောပြီးမှ အခန်းထဲကို ပါးစပ်ပိတ်ပြီး ခေါ်သွားရမှာ "

" ဪ ဟုတ်ကဲ့ ဟုတ်ကဲ့ "

" ကဲကဲ ပြန်ရိုက်မယ်ဟေ့ ရယ်ဒီ ဝမ်းတူးသရီး အက်ရှင် "

" ညမလေး ပြန်တာ မိုးချုပ်လှချည်လား ကိုကြီးမှာ စိတ်ပူလိုက်ရတာ ငဲှငဲှ "

" အိုး ရှင် ဘာမှ စိတ်ပူစရာမလိုပါဘူး ဖယ် "

" အိုး နေပါအုံးကွာ ညီမလေးကလည်း ကိုကြီးက ချစ်လို့ဟာကို "

ကျတော်က ပြောရင်း မင်းသမီးကို  ပါးစပ်ပိတ်လို့ အခန်းထဲ ခေါ်

အဲ့မှာ ဒါရိုက်တာက တစ်ကဒ် ရိုက်ပြီး
အခန်းထဲမှာ တစ်ကဒ် ပြန်ရိုက်သည်

အခန်းထဲမှာက

ကျတော်က မင်းသမီးကို ကုတင်ပေါ် တွန်းလဲှပြီး

" ညီမလေးက လည်း ချစ်လို့ပါကွာ ငဲှငဲှ "

ဆိုပြီး ဟိုပွတ် ဒီပွတ် လုပ်လေရာ
ဒါရိုက်တာက ထ အော် ပြန်သည်

" ဟေ့ ကဒ် ကဒ် "

" ကျတော် ဘာမှားလို့လဲ ဆရာ "

" ညီလေး မှားတာ မဟုတ်ဘူး မင်းသမီး မှားတာ "

" အော် "

" မင်းသမီးက ဘာလုပ်နေတာလဲ
ကိုယ့်ကို ဟိုက မဟားဒယား ကြံနေတာလေ ရုန်းရ ကန်ရမယ်လေ ဘာလို့ ငြိမ်နေတာလဲ ?"

" ကောင်းလို့ပါ ဆရာ "

" ဟမ် ဘာကောင်းတာလဲ ?"

" ဪ အဲ သူသူ သူ သရုပ်ဆောင်တာ အရမ်းကောင်းပြီး အသက် ဝင်တော့ ကြောင်သွားတာ "

ဒါရိုက်တာက မင်းသမီးကို ပြန်လည် ညွန်ကြားပြီး ပြန်ရိုက်ပြန်သည်

ကျတော်က မင်းသမီးကို
ကုတင်ပေါ်မှာ အပေါ်က အုပ်မိုးလို့ ဖိထားပြီး

" ချစ်လို့ပါကွာ ချစ်လေးကလည်း ငဲှငဲှ "

ဆိုကာ မင်းသမီးက ပွတ်သပ်ကိုင်တွယ်ပြီး
နမ်းဖို့ကြိုးစားတော့
ဒါရိုက်တာက ထ အော်ပြန်သည်

" ကဒ် ကဒ် "

" မင်းသမီးက ရုန်းကန်ပါ ဆိုတာကို ဘာလို့ ငြိမ်နေတာလဲ ဟား ခက်တာပဲကွာ
ငါ့ညီလည်း အားနားပါတယ်ကွာ ညေးက အရမ်းကောင်းတယ် လိုနေတာက မင်းသမီးပဲ "

မင်းသမီးက ငိုမဲ့မဲ့ဖြင့် ပြောသည်

" ဟုတ် ဟုတ်ကဲ့ပါ ဆရာ နောက် မဖြစ်စေရပါဘူး   "

ဒီလိုနဲ့
ထိုဇာတ်ဝင်ခန်းကို ၅ ခါလောက် ရိုက်ယူလိုက်ရသည်
ကျတော်လည်း တော်တော် ဟုတ်သွားသည်
မဟုတ် ခံနိုင်ရိုးလားဗျာ
မင်းသမီးကို ငါးခါတောင် ပွတ်သပ်ရတာ
တခါတခါ နမ်းတောင် နမ်းမိသေးတယ်

ပြီးသွားတော့
ဒါရိုက်တာက ကျေးဇူးတင်စကား ဆိုရင်

" ကျေးဇူးတင်ပါတယ် ညီလေးရာ ခဏခဏ ပြန်ရိုက်နေရလို့ ငါ့ညီကို အားနာနေတာ "

" ကိစ္စ မရှိဘူးဗျာ ခဏခဏ ပြန်ရိုက်ရတော့ ခဏခဏ ကိုင်ရတာပေါ့ "

" အမ် "

" အယ်လေ မှားလို့ ထပ်ခါတလဲလဲ ရိုက်တော့ ပိုပီပြင်တာပေါ့ လို့ ပြောတာ ဟီးဟီး "

အဲ့နေ့ကတော့
အိပ်လို့တောင် မပျော်ဘူးဗျာ
မင်းသမီးအသားလေးက အိနေတာဗျ
အဟေးဟေး

😁😁😁
လူချွန်တော်

Comments