အမှောင်တကာ့ အမှောင်


တခါတုန်းက ဘုရင်ကြီး တပါးသည် သူ့မှာ ရှိသော ပညာရှိများကို အဖြေ တခု ရှာခိုင်းလေသည် ။ ဘုရင်ကြီး ကိုယ်တိုင် မသိသေးသောကြောင့် ပညာရှိများကို မေးခြင်းဖြစ်သည် ။ တကယ်လို့ သူစိတ်တိုင်း ကျတဲ့ အဖြေ မရရင် အားလုံးကို ပြည်နှင်ဒဏ် ပေးမည် ဆိုသော အမိန့်တော်ပါ မိန့်လိုက်သေသည် ။

ဘုရင်ကြီး မေးသော မေးခွန်းမှာ " အမှောင်တကာ့ အမှောင်တွင် ဘယ်အမှောင်သည် အမှောင်ဆုံး နည်း " ဟု မေးသော မေးခွန်း ဖြစ်သည် ။ တယောက်ယောက်က ဖြေနိုင်မယ် ဆိုရင် ရပြီ ။ မဖြေနိုင် ရင်တော့ ပြည်နှင်ဒဏ်ပေါ့ ။ ၇ ရက် အချိန်ပေးလိုက်လေသည် ။

ပညာရှိတွေ လည်း စဉ်းစားကြတာပေါ့လေ
တချို့ကလည်း ...
အင်း ... အလင်းရောင် မရှိတဲ့ အခန်းကျဉ်းသည် အမှောင်ဆုံး
မြေအောက်ခန်း အလင်းမရှိရင် အမှောင်ဆုံး
တိမ်တွေ ဖုံးနေတဲ့ လ မသာတဲ့ သန်းခေါင်ယံ သည် အမှောင်ဆုံး
မိုးမှောင်ကျပြီး လမရှိ ကြယ်မရှိက အမှောင်ဆုံး !စသဖြင့်တွေးတောနေကြ အဖြေထုတ်နေ ကြတာပေါ့ ။

ပညာရှိ တဦးသည် ဒါတွေ လောက်တော့ ဘုရင်လည်း သိလိမ့်မည် ။ ဒီအဖြေကို နှစ်သက်လိမ့်မည် မဟုတ်၊ သေချ ာစဉ်းစားမှ ရမည်ဆိုပြီး စဉ်းစားလိုက်တာ မနက်ဖြန်ဆို ၇ ရက်သာ ပြည့်တော့မည် ။ အဖြေ မရပါပဲ အခက်တွေ့နေပါသည် ။ မစားနိုင် မသောက်နိုင် တမှိုင်မှိုင် တတွေတွေ ဖြစ်နေ၏ ။

ဖခင် ခုလိုဖြစ်နေတာကို မြင်သောအခါ သမီးမှ မေးလေသည် ။ အဖေ ဘာများ ညစ်နေပါသလဲ ဟု မေးလေသည် ။ ဖခင်ကလည်း ဒီလိုဖြစ်နေသည် ဟု ပြသနာကို ရှင်းပြလေသည် ။

သမီးက နားထောင်ပြီး သောအခါ အဖေ သိချင်သော အဖြေကို သမီးပေးမည် ။ ညသန်းခေါင်ယံ အိမ်ဘေးက လူမနေတဲ့ အခန်းမှာ အဖြေ သွားယူလိုက်ပါ ဟု ပြောလိုက်လေသည် ။

သမီးဖြစ်သူ သည်လည်း ပညာဉာဏ် ရှိတယ် ဆိုတာကို ဖခင်က သိတော့ ကောင်းပြီ သမီး ဟုပြောလိုက်လေသည် ။ ဒါပေမယ့် စိတ်ထဲမှာ စိုးရိမ်နေသေး တာပေါ့ အဖြေမှန်ပါ့မလားနှင့် ။

ညသန်းခေါင်ယံလည်း ရောက်တယ် ဆိုရင်ပဲ ဖခင်ကြီးက အခန်းရှိရာသို့ လာလေသည် ။ အခန်းသည် မီးရောင် မှိန်ပြပြ လေးနှင့် ဝိုးတဝါး ဖြစ်နေသည် ။ အခန်း အတွင်းသို့ လိုက်ကာစကို ဖွင့်ပြီး အဝင်တွင် မြင်လိုက်ရသည်က မိန်းမ တယောက် အဝတ် စလစ်ဖြင့် ဆွဲဆောင်မှု အပြည့်နှင့် စိတ်ကို မြူစွယ်နေသည် ။

အမတ်ကြီးလည်း စိတ်တွေ ထကြွလာကာ ရှေ့သို့ တိုးလာလေသည် ။ တစ်ဖြေးဖြေး နီးလာသော အခါ မျက်လုံး ထဲတွင် ထိုမိန်းမ သည် သမီးဖြစ်သူနှင့် တူနေသည် ကို သတိထားမိ ပေမဲ့ အကြည့်နှင့် ခြေလှမ်းများလည်း မရပ်ခဲ့ပါ ။

သမီးဖြစ်သည်ကို သေချာသော်လည်း ကြံရွယ် ထားသော စိတ် အာရုံကိုလည်း မရပ် တဏှာစိတ် တို့သည် ထကြွလျှက် အသိပျောက်ခါ နေလေတော့သည် ။

ထိုအခါတွင် သမီးဖြစ်သူက အဝတ်များကို ဆွဲကာ လိုက်ပြီး အဖေ သတိထားလော့ ဟု ပြောလိုက်လေသည် ။ အဖေလိုချင်သော အဖြေသည် ဒါပါပဲ ဟု ပြောလိုက်၏ ။

ထိုအခါမှ ဖခင် အမတ်ကြီးလည်း သတိဝင်သွားကာ ငါမှားပြီ ငါရှက်လိုက်တာ သိက္ခာတရားတွေ ကျပါပြီ ဟု နောင်တတွေ ရနေ သည် ။

သမီးမှ အဖေ မမှားပါဘူး အဖေတင် မဟုတ် ယောင်္ကျားတိုင်း မိန်းမတိုင်း ကာမ နှင့် ထိတွေ့လျှင် သတိတွေအသိတွေ ပျောက်တတ်တာ သဘာဝပါ ဟု ပြောပြီး မနက်ကို ဘုရင်ကြီးဆီမှာ လျှောက်ချေလော့ဟု ပြောလိုက်၏ ။

ညီလာခံတွင် ဘုရင်ကြီးသည် ပညာရှိများ ဖြေသော အဖြေများကို နားထောင်ပြီး လိုချင်သော အဖြေ မရဖြစ်နေပြီး ဒေါသ ထွက်နေချိန် နောက်ဆုံး တယောက် အဖြစ် အမတ်ကြီးကို မေးလေသည် ။

အမတ်ကြီးမှ မှန်လှပါ ဘုရား ... ဘုရင်မင်းကြီး မေးသော အဖြေကို ရရှိလာပါသည် ဟု လျှောက်တင်လေသည် ။ အမှောင်တကာ့ အမှောင် ထဲတွင် ကာမ အမှောင်သည် အမှောင်ဆုံး ဟု လျှောက်တင် အဖြေပေးလေသည် ။

တခြား အမှောင်တို့သည် မှောင်သော်လည်း မမှားပါ မမိုက်ပါ ။ မမြင်သော်လည်း မမှားပါ မမိုက်ပါ ။ မှားခဲ့သော် တခဏသာ မှားမည် ။ ကြယ်ရောင် လရောင် မရှိသော ည သည် စိတ်ကိုတော့ မမှောင်မိုက် စေပါ ၊ မျက်လုံးကိုသာ မှောင်စေပါသည် ။

မြေအောက်ခန်းသည် မှောင်သော်လည်း မြေနံ့တော့ မပျောက် အခန်းမှာ ရှိချိန်မှာသာ မှောင်သည် ။ အခန်းအပြင်တွင် မမှောင်နိုင်တော့ပါ ။ ညအမှောင် များသည်လည်း နေ့တွင် မမှောင်နိုင်တော့ပါ ညမှာသာ မှောင်ပါသည် ။

ကာမအမှောင် ကိလေသာတဏှာ အမှောင်သည် စိတ်ကိုလည်း မှောင်စေ မိုက်စေပါသည် ဘဝကိုလည်း မှောင်စေ မိုက်စေ ပါသည် ၊ သံသရာကိုလည်း မှောင်စေ မိုက်စေပါသည် ။

ဒီလို အမှောင်သည် ပြန်လည် လင်းလက်ဖို့ အတွက် အင်မတန်မှ မလွယ်သလို ၊ ဒီအမှောင်သည် ကောင်းသောအနံ့ လည်းပျောက် ၊ ကောင်းသော အကြံလည်း ပျောက် ၊ ကောင်းတဲ့ သိက္ခာလည်း မဲ့ ၊ ကောင်း တဲ့ အရှက်တရားလည်း ကင်း ၊ မှားမှန်း သိသည်ကိုပင် မှားပါစေ ဟု ရေစုန်မျော ဆက်လက် မိုက်တဲ့ အထိဖြစ်တတ်ပါသည် ဘုရား ။

ဒါကြောင့် ...

လောကတွင် ရှိသော အမှောင်တကာ့အမှောင်တွင် " ကာမကိလေသာ အမှောင်သည် " အမှောင်ဆုံး ကြောက်စရာ အကောင်းဆုံးသာ အမိုက်မည်းဆုံး ဖြစ်ပါသည် ဟု ဖြေလိုက်သော အခါ ဘုရင်ကြီး နှစ်ခြိုက်တော်မူသည် ။

နောက်နေ့တွင် ဘုရင်ကြီးနှင့် အမတ်ကြီးသည် နန်းတော်မှ စွန့်ခွါပြီး တောထွက်တော် မူပြီး တရားအားထုတ် ကြလေ၏ ... ။

KMM

Comments