ဖြစ်ရလေ တရုပ်ကြီးရယ်


တရုတ်ပြည်က လုပ်တဲ့ ပစ္စည်းတွေမှာ
အတု ဘယ်လောက် များသလဲ ဆိုတာနဲ့ ပတ်သက်လို့
ပြည်တွင်း တရုတ် သူငယ်ချင်း တယောက် ပြောတာလေး မျှဝေ လိုက်ပါတယ် …

တုံးကွမ်က စက်ရုံပိုင်ရှင် သူဌေး တယောက်
အကြွေးတွေ မဆပ်နိုင်တော့လို့
အဆိပ် သောက်ပြီး ကိုယ့်ကိုယ်ကို သတ်သေတယ် .. ။

မိသားစုနဲ့ မိတ်ဆွေ အပေါင်းအသင်းတွေကို ..
သူတော့ အကြွေး မဆပ်နိုင်တော့လို့ အဆိပ်သောက် သတ်သေ သွားပြီ ဆိုတဲ့ အကြောင်း
သတင်းစကား စာရေးထား ခဲ့ပြီး အဆိပ် တကယ် သောက်ပစ်လိုက်တယ် ... ။

ဒါပေမယ့် ...
အဆိပ်က အစစ် မဟုတ်ဘဲ အတု ဖြစ်နေတော့ သူမသေဘူး ... ။

အဲသလို အဆိပ်အတုနဲ့ တိုးပြီး မသေတော့မှ
သူလည်း တော်တော် ကြောက်သွားပြီး နောင်တလည်း ရသွားခဲ့တယ် .. ။

သူ့မိသားစုနဲ့ အပေါင်းအသင်းတွေ ကလည်း ..

“ ကံကြီးပေလို့ သာပဲ ”

“ အဆိပ်အတု ဖြစ်နေတာ တော်သေးတာပေါ့ ” ဆိုပြီး ...

အဲဒီသူကို ဝမ်းသာ အားရ ဝိုင်းဝန်း နှစ်သိမ့်ရင်း
သေရွာပြန် အထိမ်းအမှတ် အနေနဲ့ ပွဲလုပ်ကြတယ် ... ။

ဒါပေမယ့် အဲဒီပွဲမှာ ...
သူတို့ သောက်တဲ့ အရက်ကျမှ အတု ဖြစ်နေ လေတော့ ...
သူတင်မက ... သူ့ဘော်ဒါတွေပါ အကုန် သေကုန်ရော ... တဲ့

😁😁😁

Myo Bala

Comments