သည်းမခံနိုင်ဘူး

by - October 28, 2019


စက်ရုံ အလုပ်သမား တယောက်သည်

လစာ ထုတ်သောအခါ

ရသင့်သည်ထက် ငွေပိုနေ သော်လည်း

ပြန်မပြောဘဲ ငြိမ်နေ လိုက်သည် ။

နောက်တလ

လစာ ထုတ်သော အခါ

ရသင့်သည်ထက် လျော့နည်းနေ လေရာ

ထိုသူက အလုပ်ရှင်ထံ ချက်ချင်း သွားပြောလေသည်။

အလုပ်ရှင်က ...

" ကိုယ့်လူက အရင်လက ငွေပိုနေတော့ ဘာအသံမှ မကြားရဘူး

အခုလ ငွေလျော့နေတော့ ချက်ချင်း သိတယ်နော်

ဘယ်လိုဖြစ်တာလဲ "

ထိုအခါ အလုပ်သမားက ပြန်ဖြေလိုက် သည်မှာ

" ကျွန်တော် တခါအမှားပဲ သည်းခံနိုင်မယ်

နှစ်ခါမှားရင် သည်းမခံဘူးဗျာ " ဟူသတည်း ။

ဘိုတွတ်

You May Also Like

0 comments