အရှုံးမရှိသော ရှေ့နေ


ရှေ့နေ တယောက်ကို သတင်းထောက်က အင်တာဗျူးသည်

" ဆရာ .. ရှေ့နေ လုပ်တာ .. ဘယ်လောက် ကြာပြီလဲ? "

" အင်း .. ၁၀ နှစ်လောက်တော့ .. ရှိပြီဗျ "

" ဆရာ .. အမှုတွေ တော်တော် များများ ကိုင်ခဲ့မှာပေါ့ "

" ဪ .. ဒါပေါ့ .. ကိုင်ခဲ့တာပေါ့ "

" ဒါဆို .. ဆရာ လိုက်ခဲ့တဲ့ အမှုတွေမှာ .. အရံှူး ရှိခဲ့လား ဆရာ "

" ဟင့်အင်း .. မရှိပါဘူး .. တမှုမှ အရံှူး မရှိခဲ့ပါဘူး "

" ဟား .. ဒါဆို .. ဆရာက အရမ်းတော်တာပေါ့ ..

ဆရာ့ကို အမှု အပ်တဲ့သူတွေတော့ .. ဟန်ကျတာပဲ .. "

" အဲ .. အဲ့လိုတော့ .. ဟုတ်ဘူးဗျ ..

ကျတော့်အတွက် အရံှူး မရှိဘူးလို့ ပြောတာ ..

အမှုသည်တွေ ကတော့ .. ရံှူးချင် ရံှူးမှာပေါ့ .. ဟီးးး .. "

" အမ် "

လူချွန်တော်

Comments