တုံးလိုက်တဲ့ဓား


" ကိုရင် ... ည မိတို့အိမ် လာခဲ့ ... အမေမရှိဘူး တောင်ဘက်ရွာ သွားတယ် "

" အင်းပါ ကျုပ်လာခဲ့မယ် "

ကိုရင် ရွှေမိ့တို့အိမ် ရောက်တော့ .....

" ကိုရင် အမေ မရှိဘူးတော့ "

" အဲဒါ ကျုပ်သိတယ်လေ "

" ကိုရင် အိမ်မှာ မိ့တယောက်ထဲ "

" ကျုပ်ရှိတယ်လေ "

" ကိုရင် အမေက ဟိုဘက်ရွာမှာ ညအိပ်မှာတော့ "

" အဲဒါလည်း ကျုပ်သိတာဘဲ "

" ကိုရင် ဟို ... ကောင်းကင်ကို မော့ကြည့်စမ်းပါ

မှောင်သွားတယ် လို့ မခံစားရဘူးလား "

" ဪ … မိ့ရယ် .... တယ်လည်း ခက်ပ

လ ပေါ် တိမ်ဖြတ်ပြေးမှ တော့ မှောင်တာပေါ့ မိ့ရယ် "

ရွေမိခမျာမှာ အမေ မရှိတုန်း ချစ်သူနဲ့ ချိန်းတွေ့တာ

တီတီတာတာ ပြောရ ချစ်ရမလား မှတ်တယ် ။

အထာ ပေးလို့မသိ

ရေနွေးချည်းပဲ လိမ့်သောက်နေတဲ့ ကိုရင်ကို သူ စိတ်မရှည်တော့ ဘူးလေ ။

ဆတ်ကနဲ့ ထင်းပုံနား ထသွားပြီး ဓါးမကြီး ယူလာပြီး

ဒုန်း ........ ဆို လွတ်ချလိုက်တယ်

" ဪ.. မိရယ် ဖြေးဖြေးလုပ်ပါ

ဓါးက တုံး နေလို့လား ?

ကျုပ် မနက်ဖြန်ကြ ကိုင်းထဲက မြတ်ရိတ် အပြန် သွေးယူခဲ့ ပမယ် "

ဆိုပြီး ဓါးကို ခါးကြား ထိုးပြီး ပြန်သွားတဲ့ ကိုရင့်ကို ကြည့်ပြီး

ရွှေမိက


" ကိုရင် ... သွေးပေးမယ် ဆိုရင်ဖြင့် ဖြတ်ပစ်လို့ ရအောင် သွေးပေးစမ်းပါတော်

ဒီဓါး တုံးလွန် လွန်းလို့ "

😁😁😁

မေတ္တာဖြင့်အပြုံး

Comments